မုံရွာမြို့၊ လယ်ဇင်ကျေးရွာရှိ PDF စခန်း (၃) ရှင်းလင်းခံရပြီး PDF အဖွဲ့ဝင် ၅ ယောက်(အရှင်)၊ ၃ ယောက် (အသေ) ဖမ်းဆီးခံခဲ့ရ

PUBLISHED - January 18, 2022
မုံရွာ၊ ဇန်နဝါရီ ၁၈ (People Media)
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ လယ်ဇင်ကျေးရွာ၏ အရှေ့မြောက်နေရာရှိ PDF စခန်း (၃) ကို တာဝန်ရှိ သူများက ဝင်ရောက်ရှင်းလင်းပြီးနောက် PDF အဖွဲ့ဝင် ၅ ယောက်(အရှင်)၊ ၃ ယောက် (အသေ) ဖမ်းဆီးခဲ့ သည်။
“ခိုအောင်းနေတဲ့နေရာ သုံးခုကို စီးနင်းခဲ့တာပါ။ ရမိတဲ့ပစ္စည်းတွေက လက်လုပ်တူမီးအရှည် ၂၀ လက်၊ တစ်လုံး ထိုးလက်လုပ်သေနတ် ၉ လက်၊ ၂ လုံးထိုးလက်လုပ်သေနတ် ၁ လက်၊ လက်လုပ်လေသေနတ် ၂ လက်၊ ပွိုင့် ၂၂ ပစ္စတို သေနတ် ၂ လက်၊ ရှော့တိုက်စိန်ပြောင်းအရှည် ၄ လက်၊ တူမီးသေနတ်ကိုယ်ထည် ၇ လက်၊ လက်လုပ်မှိုင်း ၇ လုံး၊ သံကိုယ်ထည်လက်လုပ်မိုင်းအခွံ ၁၅ လုံး၊ Laptop ၉ လုံး၊ ဖုန်း ၃ လုံး ရန်သူ့အလောင်း ၃ လောင်း ၊ အရှင်လူ ၅ ယောက် ဖမ်းမိတယ်” လို့ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဇန်နဝါရီ ၁၇ ရက်နေ့က မုံရွာမြို့ ကန်သာယာနံနက်ဈေး၌ ဈေးရောင်းနေသည့် သစ်သီးဈေးသည် အမျိုးသမီး တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသော်လည်း အသက်ဘေးမှ လွတ်မြောက်ခဲ့သည်။
အလားတူ ဇန်နဝါရီ ၁၆ ရက်နေ့က မုံရွာမြို့ စက်မှုဇုန်ရပ်ကွက်၌ ကိုရင်ကြီး ငြိမ်းချမ်း ရိုက်သတ်ခံရပြီးနောက် ကွင်းဆက်အရ ယခုကဲ့သို့ PDF စခန်းများကို ရှင်းလင်းနိုင်ခဲ့ခြင်းဖြစ်သည်။
လက်ရှိအချိန်၌ န-မ-ခ တိုင်းမှူးအသစ်ဖြစ်သူ ဗိုလ်ချုပ်သန်းထိုက်သည် န-မ-ခ နယ်မြေများဖြစ်သည့် ချင်းပြည် နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းမြောက်ပိုင်းဒေသများရှိ PDF စခန်းများကို လေကြောင်းချီ အသုံးပြု၍ ဝင်ရောက်တိုက်ခိုက်လျက်ရှိသည်။
သွန်းသွန်း
#PeopleMedia #မုံရွာမြို့ #လယ်ဇင်ကျေးရွာ
(unicode)
…………………………………………………….