မုံရွာ-အရာတော်-ရွှေဘိုကားလမ်း၌ ထောင်ထားသည့် ပြင်းအားမြင့် မိုင်း ၈ လုံးကို လုံခြုံရေးတပ်ဖွဲ့များ ရှင်း လင်း
PUBLISHED - February 7, 2022
မုံရွာ၊ ဖေဖော်ဝါရီ ၇ (People Media)
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နှင့် အရာတော်မြို့သို့ ဆက်သွယ်ထားသည့် အများပြည်သူသုံးလမ်းမကြီး ဖြစ်သည့် မုံရွာ-အရာတော်-ရွှေဘိုကားလမ်း၌ ထောင်ထားသည့် ပြင်းအားမြင့် မိုင်း ၈ လုံးကို လုံခြုံရေး တပ်ဖွဲ့များက ဖေဖော်ဝါရီ ၅ ရက်နေ့ ညနေပိုင်းက ရှင်းလင်းခဲ့ပါတယ်။
မိုင်းရှင်းလင်းခဲ့သောနေရာသည် မုံရွာ-အရာတော်-ရွှေဘိုကားလမ်း၊ မိုင်တိုင် ၇/၇၌ ဖြစ်ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရပါတယ်။
အဆိုပါဖြစ်စဉ်အပေါ် တာဝန်ရှိသူတစ်ဦးက “အရာတော်ကားလမ်း မိုင်တိုင်အမှတ် ၇ / ၇ နေရာမှာ ရီမုထိန်း ကားမိုင်း ၄ လုံးနဲ့ စက်မှုဇုန်လမ်းခွဲနားမှာ ရီမုထိန်း ကားမိုင်း ၄ လုံး၊ အားလုံး ကားမိုင်း ၈ လုံးကို ရှင်းလင်း ဖယ်ရှားခဲ့တာ” လို့ ပြောပါတယ်။
မုံရွာ-အရာတော်-ရွှေဘို ကားလမ်းသည် အများပြည်သူများ သွားလာလျက်ရှိသည့် လမ်းမကြီးဖြစ်သလို ကုန်စည်ပို့ဆောင်ရေးအတွက် အဓိကသုံးစွဲနေရတဲ့လမ်းမကြီး ဖြစ်ပါတယ်။
အလားတူ ပြီးခဲ့သည့်ရက်ပိုင်းက မုံရွာ-ပုသိမ်လမ်းမကြီး၌ ထောင်ထားသည့် ပြင်းအားမြင့် မိုင်း ၃၃ လုံးကို လုံခြုံရေးအဖွဲ့များက ရှင်းလင်းနိုင်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၌ လူမှုကူညီရေးယာဉ်များ၊ COVID-19 ကာကွယ်ဆေးသယ်ဆောင်သည့်ယာဉ်များ မိုင်းဆွဲတိုက်ခိုက်ခံနေရသလို ပြီးခဲ့သည့်ရက်ပိုင်းကလည်း ထီးချိုင့်မြို့နယ်၌ လူမှုကူညီရေးယာဉ်မောင်းတစ်ဦးကို ဒေသခံ PDF အဖွဲ့များက လုပ်ကြံသတ်ဖြတ်ခဲ့သလို ယာဉ်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
Photo – ပုံဟောင်းအသုံးပြုထားသည်။
#PeopleMedia #အရာတော်မြို့
(unicode)
…………………………………………………………