• Follow Us on
Latest News

Home မူဆယ်၌ တန်ဖိုးမြင့် ပါရိအမျိုးအစား သေနတ်များနှင့် M-22 သေနတ်တို့ကို တပ်မတော်မှ သိမ်းဆည်း


Share this post




#PeopleMedia

(Unicode)
မူဆယ်၌ တန်ဖိုးမြင့် ပါရိအမျိုးအစား သေနတ်များနှင့် M-22 သေနတ်တို့ကို တပ်မတော်မှ သိမ်းဆည်း
…………………………………………………………

နေပြည်တော်၊ ဇန်နဝါရီ – ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၌ လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ယနေ့ နံနက် ၁၁ နာရီခွဲခန့်တွင် သတင်းအရ မူဆယ်မြို့၊ တော်ရွက်ရပ်ကွက်ရှိ တော်ရွက်လှေဆိပ်သွားရာ လမ်းအနီးသို့ သွားရောက်စစ်ဆေး ရှာဖွေရာလမ်း၏အောက်ရှိ ရေပြွန်ခေါင်းအတွင်းမှ အစိမ်းရောင်ဆာလာအိတ်ဖြင့် ထုပ် ထားသော ပါရိအမျိုးအစားသေနတ် ၁၀ လက်၊ ၎င်းကျည်အိမ် (၉)ခု၊ လွယ်ကြိုး (၉) ချောင်းနှင့် အမ် ၂၂ သေနတ်တစ်လက်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

အဆိုပါသိမ်းဆည်းရမိလက်နက်နှင့် ဆက်စပ်ပစ္စည်းများအား လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားမည် ဖြစ်သည်။

#PeopleMedia


Share this post