မူဆယ်မြို့၌ ပြည်တော်ပြန်များအတွက် ငွေလဲလုပ်ကိုင်နေသည့် အမျိုးသမီးတစ်ဦးကို ဓားဖြင့်ခုတ်ကာ ငွေလု ယက်မှုဖြစ်ပွား

PUBLISHED - August 26, 2021
နေပြည်တော်၊ သြဂုတ် ၂၆ (People Media)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်တွင် ယမန်နေ့ နံနက်ပိုင်းက တရုတ်နိုင်ငံဘက်မှ ပြန်လာသူများကို ငွေလဲလုပ်ကိုင်နေသည့် အမျိုးသမီးတစ်ဦးအား ဓားဖြင့်ခုတ်ကာ ငွေလုယက်မှု ဖြစ်ပွားခဲ့ ကြောင်း ယင်းရပ်ကွက်နေထိုင်သူများထံမှ သိရသည်။
ဖြစ်စဉ်မှာ ငွေလဲလုပ်ကိုင်နေသည့် အမျိုးသမီးကြီးတစ်ဦး၏ လက်ကို အမည်မသိ အမျိုးသားတစ်ဦးက ဓားဖြင့် ခုတ်ကာ ငွေထုတ်ကို လုယူထွက်ပြေးသွားခြင်းဖြစ်ကြောင်း၊ ဓာဖြင့်အခုတ်ခံရမှုကြောင့် ငွေလဲလုပ်ကိုင်သည့် အမျိုးသမီးမှာ ညာဘက်လက် ဒဏ်ရာရရှိခဲ့ပြီး၊ ငွေကျပ် သိန်း ၄၀ နီးပါး ပါသွားကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်ကြောင့် ဒဏ်ရာရသူ အမျိုးသမီးကိုတော့ မူဆယ်ပြည်သူ့ဆေးရုံကို ပို့ပေးခဲ့ပြီး ဒဏ်ရာရတဲ့ လက်ဖျံကို (၅) ချက် ချုပ်လိုက်ရပြီး၊ တရားခံမှာတော့ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။
#PeopleMedia #မူဆယ်မြို့ #လုယက်မှု
(unicode)
…………………………………………………………………