မူဆယ်မြို့တွင် ကျားဖြန့်လုပ်ငန်းဆောင်ရွက်သူ တရုတ်နိုင်ငံသား ၁၉၄ ဦး ဖမ်းဆီရမိ
PUBLISHED - September 26, 2024
နေပြည်တော်၊ စက်တင်ဘာ ၂၆
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် ကျားဖြန့်လုပ်ငန်းဆောင်ရွက်သူ တရုတ်နိုင်ငံသား ၁၉၄ ဦး ဖမ်းဆီရမိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
စက်တင်ဘာ ၂၃ ရက်မှာ မူဆယ်မြို့မှာရှိတဲ့ တပ်မတော်၊ ရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေဟာ မင်္ဂလာ မူဆယ်အိမ်ရာအနားမှာ ကျားဖြန့်လုပ်ငန်းဆောင်ရွက်နေတယ်ဆိုတဲ့ သတင်းအရ ဝင်ရောက်ဖမ်ဆီးစစ်ဆေးခဲ့ ပါတယ်။ အဲ့ဒီမှာ ကျားဖြန့်လုပ်ငန်းဆောင်ရွက်နေသူတွေနဲ့ စက်ပစ္စည်းတွေ ဖမ်းဆီးရမိခဲ့ပါတယ်။ ဒါအပြင် လက်နက် ငါးလက်လည်း ဖမ်းဆီးရမိတာ ရှိပါတယ်။ စက်တင်ဘာ ၂၄ရက်မှာလည်း ဒီနေရာမှာ ဖမ်းဆီး စစ်ဆေးမှုတွေ လုပ်ခဲ့တယ်။ နှစ်ရက်ပေါင်း ဖမ်းဆီရမိသူအနေနဲ့ တရုတ်နိုင်ငံသား အမျိုးသား ၁၈၈ ဦး၊ အမျိုးသမီး ၆ ဦး စုစုပေါင်း ၁၉၄ ဦး၊ မြန်မာနိုင်ငံသား ၃၅၅ ဦး ဖမ်းဆီးရမိခဲ့ပါတယ်။ အလောင်းကစားမှာ အသုံးပြုတဲ့ ဖုန်း ၅၈ လုံးအပါအဝင် ဆက်စပ်ပစ္စည်း အချို့ ဖမ်းဆီးရမိခဲ့ပါတယ်။” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ထို့ပြင် တရုတ်ယွမ်ငွေ ၇ သိန်းကျော်ကိုပါ ဖမ်းမိခဲ့ကြောင်း၊ ဖမ်းမိခဲ့သည့် တရုတ်နိုင်ငံသားများကို လူဝန်မှုကြီးကြပ်ရေးဥပဒေနှင့်အညီ တရုတ်နိုင်ငံကို ပြန်လည်လွဲပြောင်းသွားမည်ဖြစ်ပြီး၊ ကျန်သူကိုမူ တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
#PeopleMedia