မူဆယ်မြို့တွင် ငွေလဲလုပ်ငန်းလုပ်ကိုင်သူအမျိုးသမီး ၁ ဦးအား လူ ၃ ဦးမှ သေနတ်ဖြင့်ပစ်ပြီး ငွေလုယက်

PUBLISHED - August 28, 2023
နေပြည်တော်၊ ဩဂုတ် ၂၈
ရှမ်းပြည်နယ်၊ မူဆယ်မြို့၊ ညဈေးလမ်းနှင့် စည်ပင်ဈေးလမ်းဆုံတွင် ဩဂုတ်လ ၂၇ ရက်နေ့ နံနက် ၈ နာရီ ဝန်းကျင်ခန့်တွင် ငွေလဲလှယ်ခြင်းလုပ်ငန်းလုပ်ကိုင်သူအမျိုးသမီး ၁ ဦးအား လူ ၃ ဦးမှ သေနတ်ဖြင့်ပစ်ခတ်ပြီး ငွေလုယက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
တရုတ်-မြန်မာငွေ လဲလှယ်ခြင်း လုပ်ငန်းလုပ်ကိုင်သူအမျိုးသမီး ၁ ဦးသည် မူဆယ်မြို့ ညဈေးလမ်းနှင့် စည် ပင်ဈေးလမ်းဆုံတွင်ရှိနေစဉ် ဆိုင်ကယ် ၁ စီးဖြင့် အမျိုးသား ၃ ဦး ရောက်ရှိလာပြီး အဆိုပါ အမျိုးသမီးအား သေနတ်ဖြင့် ပစ်ခတ်ပြီး ပိုက်ဆံထည့်ထားသည့် အိမ်အား လုယက်ထွက်ပြေးသွားကြောင်း သိရသည်။
ထိုသို့ ပစ်ခတ်ခံရသဖြင့် ငွေလဲလုပ်ကိုင်သူ အမျိုးသမီးမှာ ကျည်ထိမှန်ဒဏ်ရာရရှိခဲ့၍ ရွှေလီဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။
Photo – Credit
#PeopleMedia