• Follow Us on
Latest News

Home မူဆယ်မြို့တွင် ယာဉ်တိုက်ခံရ၍ တစ်ဦးသေ၊ တစ်ဦးပြင်းထန်ဒဏ်ရာရ

မူဆယ်မြို့တွင် ယာဉ်တိုက်ခံရ၍ တစ်ဦးသေ၊ တစ်ဦးပြင်းထန်ဒဏ်ရာရ

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၁၀

 

ရှမ်းပြည်နယ်၊ မူဆယ်မြို့၊ မင်္ဂလာမူဆယ်သွားကားလမ်း၊ (၈) ထပ်တိုက်ရှေ့တွင် ယာဉ်တိုက်မှုကြောင့် မိန်းကလေးငယ်တစ်ဦး သေဆုံးပြီး၊ တစ်ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ယနေ့ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ယာဉ်တိုက်ခံရကြောင်း သတင်းရရှိသောကြောင့် ဖြစ်စဉ်နေရာသို့ ရွှေလင်းရောင်လူမူကူညီရေးအသင်းမှ သွားရောက်ခဲ့ကြောင်း သိရသည်။

 

“အသက် ၁၆ နှစ်ဝန်းကျင်အရွယ်ရှိတဲ့ မိန်းကလေး နှစ်ယောက်။ တစ်ယောက်က အခင်းနေရာမှာသေလို့ မူဆယ်ရင်ခွဲရုံပို့လိုက်တယ်။ တစ်ယောက်ကလည်း အခြေနေမကောင်းဘူး ဆေးရုံမှာ။ မိသားစုဝင်တွေနဲ့တော့ အဆက်သွယ်ရပြီ” လို့ ထိုအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ထိုယာဉ်ပိုင်ရှင်ကို မူဆယ်မြို့မရဲစခန်းတွင် ဖမ်းဆီးထားကြောင်းလည်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post