• Follow Us on

Home မူဆယ်မြို့နယ်တွင် အမျိုးသား (၂) ဦးအား ကျပ်၂၀၁၂. ၅ သိန်းတန်ဖိုးရှိ ဘိန်းဆီခဲများ ဖမ်းဆီးရမိ

မူဆယ်မြို့နယ်တွင် အမျိုးသား (၂) ဦးအား ကျပ်၂၀၁၂. ၅ သိန်းတန်ဖိုးရှိ ဘိန်းဆီခဲများ ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ ဇူလိုင် ၁၄

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်တွင် အမျိုးသား ၂ ဦးအား ငွေကျပ် ၂၀၁၂. ၅ သိန်းတန်ဖိုးရှိ ဘိန်း ဆီခဲများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

 

ဇူလိုင်လ ၁၁ ရက်နေ့ နံနက် ၇ နာရီအချိန်က တပ်ဖွဲ့ဝင်များသည် သက်သေ များနှင့်အတူ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်(မိုင်းယုကျေးရွာ)၊ မူဆယ်-ကွတ်ခိုင်သွားကားလမ်း၊ အိုရီယမ်တယ်တိုးဂိတ် အနီးတွင် မော်တော်ယာဉ်များ အား စစ်ဆေးရှာဖွေစဉ် မော်ကျိန်ဖူ(ခ)အားဖူ မောင်းနှင်လာသည့် HILUX VIGO အမျိုးအစား မော်တော်ယာဉ် အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော ဘိန်းဆီခဲ အလေးချိန် ၈၀.၅ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၀၁၂.၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ် ဆည်းရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ နံနက် ၁၁ နာရီအချိန် ထန်ဂွဲဟွ(ခ)အားဟွ အား မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်တွင် HONDA FIT အမျိုးအစား မော်တော်ယာဉ် ၁ စီး နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား လည်းကောင်း၊ ဇူလိုင်လ ၁၂ ရက်နေ့ နံနက် ၈နာရီ ၁၅ အချိန် ကွတ်ခိုင်မြို့၊ ရပ်ကွက်(၈)ရှိ ကားဝပ်ရှော့တွင် ထန်ဂွဲဟွ(ခ)အားဟွ ရှေ့ပြေး ယာဉ်အဖြစ် အသုံးပြုသည့် TOYOTA CROWN အမျိုးအစား မော်တော်ယာဉ် ၁ စီးအား လည်းကောင်း ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့သဖြင့် မော်ကျိန်ဖူ(ခ)အားဖူ (၃၉) နှစ်နှင့် ထန်ဂွဲဟွ(ခ) အားဟွ(၃၂)နှစ်တို့အား မူဆယ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post