• Follow Us on

Home မူဆယ်မြို့ဝန်းကျင်က အွန်လိုင်းငွေလိမ်ဂိုဏ်းဒုစရိုက်သမား ၈၀၀ ကျော် ဖမ်းဆီးခံရ

မူဆယ်မြို့ဝန်းကျင်က အွန်လိုင်းငွေလိမ်ဂိုဏ်းဒုစရိုက်သမား ၈၀၀ ကျော် ဖမ်းဆီးခံရ

Share this post

နိုင်ငံတကာ၊ ဧပြီ ၂

 

နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော်ပြီး အွန်လိုင်းငွေလိမ်ဂိုဏ်းလုပ်ကိုင်နေတဲ့ ဒုစရိုက်သမား ၈၀၀ ကျော်ကို မြန်မာ-တရုတ် ပူးပေါင်းရဲတပ်ဖွဲ့တွေက ဖမ်းဆီးမိခဲ့ကြောင်း နစက အစိုးရနဲ့ ရန်ကုန်မြို့မှာရှိတဲ့ တရုတ်သံရုံးက တနင်္လာ နေ့ (ဧပြီလ ၁ ရက်နေ့) က ကြေညာလိုက်ပါတယ်။

 

ကျားဖြန့်လို့ လူသိများကြတဲ့ အဲဒီငွေလိမ်ဂိုဏ်းတွေဟာ မြန်မာနိုင်ငံပိုင်နက်ထဲမှာ အခြေပြုလှုပ်ရှားနေကြပြီး အဲဒီ လုပ်ငန်းထဲမှာပါဝင်နေကြတဲ့ တရုတ်နိုင်ငံသားတွေနဲ့ တခြားနိုင်ငံသားတွေဟာ ငွေကြေးဘီလျံနဲ့ချီပြီး ရရှိဖို့အ တွက် ၎င်းတို့နိုင်ငံသားတွေကို အွန်လိုင်းကတစ်ဆင့် ဖျားယောင်းလိမ်လည်ဖို့ ဖိအားပေးစေခိုင်းခံနေရတာဖြစ် ကြောင်း ဆန်းစစ်လေ့လာသူတွေက ပြောပါတယ်။

 

မြန်မာအစိုးရရဲ့ အဓိက မဟာမိတ်နိုင်ငံနဲ့ စစ်လက်နက်ပစ္စည်းထောက်ပံ့နေတဲ့နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံဟာ အဲဒီ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို နှိမ်နှင်းဖို့ မြန်မာအစိုးရကို အကြိမ်ကြိမ် တောင်းဆိုခဲ့တယ်လို့ဆိုပါတယ်။

 

တရုတ်အာဏာပိုင်တွေက မြန်မာနိုင်ငံအရှေ့မြောက်ဒေသ ရှမ်းပြည်နယ် မူဆယ်မြို့တစ်ဝိုက်မှာ အဲဒီငွေလိမ် ဂိုဏ်းတွေကို ဝင်ရောက်စီးနင်းခဲ့တဲ့ မြန်မာအာဏာပိုင်တွေကို သတင်းအချက်အလက်တွေနဲ့ လိုအပ်တဲ့အကူအ ညီတွေ ပေးခဲ့ကြောင်း တရုတ်သံရုံးရဲ့ WeChat ချယ်နယ်မှာ ဖော်ပြထားပါတယ်။

 

မြန်မာရဲတပ်ဖွဲ့ဝင်တွေဟာ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုကျူးလွန်နေတဲ့ ဒုစရိုက်သမား ၈၀၇ ဦးကို ဖမ်းဆီးခဲ့ပြီး ကွန်ပျူတာတွေ၊ မိုဘိုင်းဖုန်းတွေနဲ့ ငွေလိမ်ဂိုဏ်းကအသုံးပြုနေတဲ့ ဝက်ဆိုက်လင့်တွေကို သိမ်းဆည်းထိန်းချုပ် နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

မတ်လနှောင်းပိုင်းက ဖမ်းဆီးမိထားတဲ့ တရားခံတွေထဲက တရုတ်နိုင်ငံသား ၃၅၂ ဦးကို တနင်္ဂနွေနေ့ (မတ်လ ၃၁ ရက်နေ့) က တရုတ်နိုင်ငံကို လွှဲပြောင်းပေးလိုက်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

 

ကျန်တဲ့တရားခံတွေကတော့ မြန်မာနိုင်ငံသားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

 

ဖမ်းဆီးမိတဲ့အထဲက ၃၅၂ ဦးဟာ တရုတ်နိုင်ငံသားတွေဖြစ်တဲ့အတွက် တရုတ်နိုင်ငံကို လွှဲပြောင်းပေးလိုက်ပြီး ကျန်တဲ့ ၄၈၆ ဦးကတော့ မြန်မာနိုင်ငံသားတွေဖြစ်ကြောင်း နစက အစိုးရကလည်း တနင်္လာနေ့ ညနေပိုင်းက ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

 

မြန်မာနိုင်ငံထဲမှာ အွန်လိုင်းငွေလိမ်မှုနဲ့ အဖမ်းခံထားရတဲ့သူတွေ ၁၂၀,၀၀၀ ဦးထက်မနည်းရှိနေတေကြာင်း ကုလသမဂ္ဂလူ့အခွင့်အရေးရုံးက ပြီးခဲ့တဲ့နှစ်က ပြောပါတယ်။

 

အွန်လိုင်းငွေလိမ်ဂိုဏ်းအများအပြားဟာ မြန်မာနိုင်ငံ အရှေ့မြောက်ဒေသ ရှမ်းပြည်နယ်က လောက်ကိုင်မြို့မှာ အခြေချနေတာဖြစ်ပြီး အဲဒီငွေလိမ်ဂိုဏ်းတွေကို ရှင်းထုတ်လိုက်ပြီဖြစ်ကြောင်း မြောက်ပိုင်းမဟာမိတ်ညီနောင် ခေါ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သုံးဖွဲ့က ပြောပါတယ်။

 

မြန်မာနိုင်ငံထဲမှာလှုပ်ရှားနေတဲ့ အဲဒီအွန်လိုင်းငွေလိမ်ဂိုဏ်းမှာ ပါဝင်ပတ်သက်နေတဲ့ တရုတ်နိုင်ငံသား ၄၀,၀၀၀ ကျော်ကို ပြီးခဲ့တဲ့နှစ်က မြန်မာအစိုးရက တရုတ်နိုင်ငံကို လွှဲပြောင်းပေးခဲ့ကြောင်း တရုတ်မီဒီယာတွေမှာ ဖော်ပြ ထားပါတယ်။

 

Ref: 807 suspected scammers arrested in Myanmar-China joint operation: VOA

 

#PeopleMedia


Share this post