• Follow Us on
Latest News

Home မူဆယ်မြို့ ဘုန်းကြီးကျောင်ဝင်းတစ်ခုထဲ လက်နက်ကြီးကျရောက်မှုကြောင့် ဆရာတော်တစ်ပါး ထိခိုက်ဒဏ်ရာ ရရှိ

မူဆယ်မြို့ ဘုန်းကြီးကျောင်ဝင်းတစ်ခုထဲ လက်နက်ကြီးကျရောက်မှုကြောင့် ဆရာတော်တစ်ပါး ထိခိုက်ဒဏ်ရာ ရရှိ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၁

 

ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်၊ တိန်းလုံအုပ်စု ကျန်းဆြာရွာ ဆုတောင်းပြည့်ဘုန်းကြီးကျောင်းဝင်းထဲ ယမန်နေ့ နံနက် ၁၁ နာရီအချိန်က လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကျောင်းထိုင်ဆရာတော်တစ်ပါး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

မူဆယ်မြို့နယ်၊ တိန်းလုံအုပ်စု ကျန်းဆြာရွာ ဆုတောင်းပြည့်ဘုန်းကြီးကျောင်းဝင်းထဲ လက်နက်ကြီးကျည်ကျ ရောက်ပေါက်ကွဲမှုကြောင့် ယင်းကျောင်း၏ ကျောင်းထိုင်ဆရာတော် ဦးသြဇေယ သက်တော် ၇၀ နှစ် ပေါင်နှင့် ခါးတို့တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် မူဆယ်ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

 

ယခုလအတွင်း၌ မူဆယ်မြို့နယ်အတွင်း တပ်မတော်နှင့် TNLA တို့တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post