• Follow Us on
Latest News

Home မူဆယ်မြို့ မိုင်းယု (၁၀၅) မိုင်ကျေးရွာအုပ်စုတွင် ကျွဲခတ်မှုကြောင့် ၂၀ ဦး ထိခိုက်ဒဏ်ရာရရှိပြီး အမျိုးသမီး ၁ ဦး သေဆုံး

မူဆယ်မြို့ မိုင်းယု (၁၀၅) မိုင်ကျေးရွာအုပ်စုတွင် ကျွဲခတ်မှုကြောင့် ၂၀ ဦး ထိခိုက်ဒဏ်ရာရရှိပြီး အမျိုးသမီး ၁ ဦး သေဆုံး

Share this post

နေပြည်တော်၊ ဇွန် ၂၄

 

ရှမ်းပြည်နယ်၊ မူဆယ်မြို့၊ မိုင်းယု (၁၀၅) မိုင်ကျေးရွာအုပ်စုတွင် ဇွန်လ ၂၂ ရက် ညနေ ၄ နာရီကျော်အချိန်က ကျွဲခတ်မှုကြောင့် ၂၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ထိခိုက်သူများထဲမှ အမျိုးသမီး ၁ ဦး သေဆုံးခဲ့ကြောင်း ပါရမီ လူမှုကူညီရေးအသင်း၊ မိုင်းယု (၁၀၅) မိုင်မှ သိရသည်။

 

“လူ နှစ်ဆယ်လောက် ဒဏ်ရာရတယ်။ အဲ့ဒီထဲက အမျိုးသမီးတစ်ယောက်ကတော့ ဆေးရုံမှာ ကွယ်လွန်သွား တယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။

 

မိုင်းယု (၁၀၅) မိုင်ကျေးရွာအုပ်စုတွင် ကျွဲခတ်ခံရသဖြင့် ဒဏ်ရာရရှိသူ ၂၀ ဦးရှိပြီး ကျွဲခတ်ခံရသူများအနက်မှ စိုးရိမ်ရတဲ့လူနာ (၆) ဦးကို ကွတ်ခိုင်မြို့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

ကျွဲခတ်ခံရသူများထဲမှ နယ်မြေ(၃)နေ ဒေါ်ကြာအေး (၅၂) နှစ်သည် ဇွန်လ ၂၃ ရက်တွင် ဆေးရုံ၌ ကွယ်လွန်ခဲ့ သည့်အတွက် ရုပ်အလောင်းအား ကွတ်ခိုင်ဆေးရုံမှ (၁၀၅)မိုင် နေအိမ်သို့ သယ်ယူပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post