• Follow Us on

Home မူဆလင်နိုင်ငံ ၈ နိုင်ငံကြား ဘုံငွေကြေးတစ်ရပ် ထူထောင်သွားဖို့ ကြိုးပမ်းနေကြောင်း ရှိတ်ဟာဆီနာပြော

မူဆလင်နိုင်ငံ ၈ နိုင်ငံကြား ဘုံငွေကြေးတစ်ရပ် ထူထောင်သွားဖို့ ကြိုးပမ်းနေကြောင်း ရှိတ်ဟာဆီနာပြော

Share this post

နိုင်ငံတကာ၊ မတ် ၆

 

မူဆလင်နိုင်ငံအချင်းချင်း ကုန်သွယ်ရေးချောမွေ့စေဖို့အတွက် ဥရောပသမဂ္ဂရဲ့ ဥရောပငွေကြေးစနစ်လို ဘုံငွေ ကြေးစနစ်တစ်ရပ်ကို မူဆလင်နိုင်ငံတွေက ထူထောင်သွားမှာဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီ နာက အင်္ဂါနေ့ (မတ်လ ၅ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

“ကျွန်မတို့မူဆလင်နိုင်ငံအချင်းချင်းကြား ကုန်သွယ်ရေးအဆင်ပြေချောမွေ့စေဖို့ ဥရောပလိုမျိုး ဘုံငွေကြေးစနစ် တစ်ရပ်ထူထောင်သွားနိုင်မယ်ဆိုရင် အလွန်ကောင်းမွန်မှာပါ။” လို့ ၎င်းက ပြောပါတယ်။

 

တူရကီကုန်သွယ်ရေးဒုတိယဝန်ကြီး မတ်စ်တာဖာတက်ဇ်ကူဦးဆောင်တဲ့ ဖွံ့ဖြိုးဆဲနိုင်ငံ ၈ နိုင်ငံက ကုန်သွယ်ရေး ဝန်ကြီးများအဖွဲ့က ဝန်ကြီးချုပ်ကို လာရောက်တွေ့ဆုံစဉ်အတွင်း ဝန်ကြီးချုပ်ဟာဆီနာက အခုလို ပြောကြားခဲ့ တာဖြစ်ပါတယ်။

 

မူဆလင်နိုင်ငံအချင်းချင်း ကုန်သွယ်မှုတွေ မြှင့်တင်ဖို့နဲ့ နိုင်ငံတွေကြားကပြည်သူတွေရဲ့ လူမှုစီးပွားဘဝတွေ ဖွံ့ ဖြိုးတိုးတက်စေဖို့၊ ပြည်သူအချင်းချင်း ပိုမိုချစ်ကြည်ရင်းနှီးလာစေဖို့ ရည်ရွယ်ပြီး ကမ္ဘာပေါ်မှာ မူဆလင်နိုင်ငံ ၈ နိုင်ငံပါဝင်တဲ့ ဖွံ့ဖြိုးဆဲနိုင်ငံ ၈ နိုင်ငံအဖွဲ့ (D-8 countries) ကို ဖွဲ့စည်းတည်ထောင်ခဲ့တာဖြစ်ကြောင်း ရှိတ်ဟာဆီ နာက ပြောပါတယ်။

 

အဲဒီ D-8 အဖွဲ့ထဲမှာ ဘင်္ဂလားဒေ့ရှ်၊ အီဂျစ်၊ အင်ဒိုနီးရှား၊ အီရန်၊ မလေးရှား၊ နိုင်ဂျီးရီးယား၊ ပါကစ္စတန်နဲ့ တူရကီ နိုင်ငံတို့ပါဝင်ပါတယ်။

 

“အဖွဲ့ဝင်နိုင်ငံအားလုံးမှာရှိတဲ့ ပြည်သူတွေရဲ့ ကံကြမ္မာနဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ကျွန်မရည် ရွယ်ပါတယ်။ ကျွန်မတို့နိုင်ငံ အချင်းချင်းကြားမှာ ကုန်သွယ်မှုတွေ တိုးမြှင့်နိုင်မှသာ ဒီကိစ္စက အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။” လို့ ဟာဆီနာက ပြောပါတယ်။

 

D-8 အဖွဲ့ဝင်နိုင်ငံတွေမှာ အဲဒီရည်မှန်းချက်ကို အောင်မြင်အောင် အကောင်အထည်ဖော်ဖို့အတွက် ကျယ်ပြန့် လုံလောက်တဲ့အမြင်တွေရှိတယ်လို့ ၎င်းက ပြောပါတယ်။

 

“အဖွဲ့ဝင်နိုင်ငံအချင်းချင်းကြားမှာ ကုန်သွယ်မှုတွေ မြှင့်တင်နိုင်မယ်ဆိုရင် ကျွန်မတို့တတွေ တခြားနိုင်ငံတွေကို မှီခိုနေစရာမလိုတော့ပါဘူး။” လို့ ၎င်းက ပြောပါတယ်။

 

ဘင်္ဂလီဒုက္ခသည်အရေးနဲ့ပတ်သက်ပြီး ပြောကြားရာမှာတော့ မျိုးဆက်တစ်ဆက်/နှစ်ဆက်ဟာ ပျောက်ဆုံးသွား တော့မှာဖြစ်ပြီး အဲဒီအထဲက အများအပြားဟာ ရာဇဝတ်မှုတွေနဲ့ ဆက်နွယ်နေကြောင်း ၎င်းက ပြောပါတယ်။ ဘင်္ဂလီဒုက္ခသည်တွေ နေရပ်ပြန်ပို့ဖို့အရေးကိုလည်း အလွန်စိုးရိမ်ကြောင်း ၎င်းက ပြောပါတယ်။

 

“မြန်မာပြည်မှာ လက်ရှိ ပြည်တွင်းစစ်ဖြစ်နေတာဆိုတော့ ဒုက္ခသည်တွေနေရပ်ပြန်ပို့ဖို့အရေးဟာ တစ်ရက်ပြီး တစ်ရက် ပိုပိုခက်ခဲလာပါတယ်။ သူတို့နေရပ်ပြန်ပို့ဖို့အရေးဟာ အခက်အခဲမျိုးစုံရှိပါတယ်။” လို့ ရှိတ်ဟာဆီနာက ပြောပါတယ်။

 

Ref: PM Hasina: Muslim countries better launch common currency like EU’s euro

 

#PeopleMedia


Share this post