မူးယစ်ဆေးဝါးပပျောက်သည်အထိ တားဆီးကာကွယ်ရေး၊စုံစမ်းဖော်ထုတ်အရေးယူရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးပြောကြား
PUBLISHED - September 9, 2023
နေပြည်တော်၊ စက်တင်ဘာ ၉
မူးယစ်ဆေးဝါး ပပျောက်သည်အထိ တားဆီးကာကွယ်ရေး၊ စုံစမ်းဖော်ထုတ်အရေးယူရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပြောသည်။
ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲအုပ်လောင်း သင်တန်း ရဲဗလတပ်ခွဲ သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့တွင် မန္တလေးတိုင်းဒေသကြီးပြင်ဦးလွင် မြို့နယ်ရဲအရာရှိလေ့ကျင့်ရေးကျောင်း စစ်ရေးပြကွင်း၌ကျင်းပရာ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် တက် ရောက်သည်။
ပြည်ထောင်စုဝန်ကြီးက ရဲတပ်ဖွဲ့ဝင်များသည် ပြည်တွင်းလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ပြည်သူနှင့် အတူ လက်တွဲပြီး ထိရောက်အောင်မြင်အောင် ကြိုးစား ဆောင်ရွက်နေရသလို နယ်စပ်ဒေသများတွင်ပါ လုံခြုံ ရေးကို ဆောင်ရွက်နေရခြင်းဖြစ်သည့်အတွက် လုံခြုံရေးအသိ၊ လုံခြုံရေးသတိ အမြဲရှိရမည်ဖြစ်ပြီး ပူးပေါင်း ဆောင်ရွက်တတ်သည့် စိတ်ဓာတ်၊ အမိန့် နာခံတတ်သည့်စိတ်ဓာတ်ရှိရန် လိုအပ်ကြောင်း၊ ရပ်ရွာအေးချမ်းသာ ယာရေးနှင့် တရားဥပဒေစိုးမိုးရေးသည် အဓိကကျခြင်းကြောင့် ပြည်သူလူထုအတွင်း တရားဥပဒေစိုးမိုးရေးနှင့် မှုခင်းအသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ပြီး ပြစ်မှုတိုက်ဖျက်ရေးဆိုင်ရာလုပ်ငန်း စဉ်များကို ဥပဒေနှင့်အညီ ဘက်ပေါင်းစုံမှ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောသည်။
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်ကို အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းလက်တွဲ၍ လက်ရှိအခြေအနေနှင့် လိုက်လျောညီထွေမှုရှိသည့် လုပ်ငန်းအစီအစဉ်များကိုချမှတ်ပြီး အခက်အခဲများနှင့် စိန်ခေါ်မှုများကိုရင်ဆိုင်ကာ မူးယစ်ဆေးဝါး ပပျောက်သည်အထိ တားဆီးကာကွယ်ရေး၊ စုံစမ်းဖော်ထုတ်အရေးယူရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။
ပြည်ထောင်စုဝန်ကြီးက လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များ လိုက်နာရမည့် အစဉ်အလာကောင်း (၁၂) ရပ်တွင် ပါရှိသည့် နိုင်ငံတော်တွင် အရေးကြုံတိုင်း နောင် တော်တပ်မတော်နှင့် တစ်စိတ်တစ်ဝမ်းတည်းလက်တွဲ၍ ကာကွယ်စောင့်ရှောက်ခဲ့သည့် တပ်ဖွဲ့ဖြစ်သည်ဟူ သည့် အချက်နှင့်အညီ တပ်မတော်နှင့်အတူလက်တွဲ၍ လက်ရှိနိုင်ငံတော်၏အခြေအနေကို တည်ငြိမ်အေးချမ်း အောင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
#PeopleMedia