• Follow Us on
Latest News

Home မူးယစ်ဆေးဝါးပြဿနာကိုဖြေရှင်းဆောင်ရွက်ရာတွင် တစ်နိုင်ငံတည်း၏ စွမ်းအားဖြင့်ဆောင်ရွက်၍မရဘဲ နိုင်ငံ အားလုံးအတူတကွ ပူးပေါင်းဆောင်ရွက်မှုသည်အရေးကြီးသည့်အခန်းကဏ္ဍတစ်ခုဖြစ်ကြောင်း ရဲမှူးချုပ်ဝင်းနိုင် ပြောကြား

မူးယစ်ဆေးဝါးပြဿနာကိုဖြေရှင်းဆောင်ရွက်ရာတွင် တစ်နိုင်ငံတည်း၏ စွမ်းအားဖြင့်ဆောင်ရွက်၍မရဘဲ နိုင်ငံ အားလုံးအတူတကွ ပူးပေါင်းဆောင်ရွက်မှုသည်အရေးကြီးသည့်အခန်းကဏ္ဍတစ်ခုဖြစ်ကြောင်း ရဲမှူးချုပ်ဝင်းနိုင် ပြောကြား

Share this post

နေပြည်တော် ဖေဖော်ဝါရီ ၅

 

ယနေ့ကမ္ဘာ့ နိုင်ငံအများစုတွင် ရင်ဆိုင်ကြုံတွေ့နေရသည့် မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းဆောင်ရွက်ရာ တွင် တစ်နိုင်ငံတည်း၏ စွမ်းအားဖြင့်ဆောင်ရွက်၍ မရဘဲနိုင်ငံအားလုံး အတူတကွပူးပေါင်းဆောင်ရွက်မှု သည်အရေးကြီးသည့် အခန်းကဏ္ဍတစ်ခုဖြစ်ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့တပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင်က ပြောသည်။

 

ဒုတိယအကြိမ် မူးယစ်ဆေးဝါးဆိုင်ရာ အာဆီယံအဆင့်မြင့် အရာရှိကြီးများ၏ တာဝန်ခံများအတွက် အာဆီ ယံစီမံချက်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအား မြန်မာနိုင်ငံမှ အာဆီယံအတွင်းရေးမှူး ရုံးနှင့်ပူးပေါင်း၍ နေပြည်တော်မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမ၌ အွန် လိုင်းစနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။

 

အလုပ်ရုံ ဆွေးနွေးပွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့တပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင်က ယနေ့ကမ္ဘာ့ နိုင်ငံအများစုတွင် ရင်ဆိုင်ကြုံတွေ့နေရသည့် မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းဆောင်ရွက်ရာတွင် တစ်နိုင်ငံ တည်း၏ စွမ်းအားဖြင့်ဆောင်ရွက်၍ မရဘဲနိုင်ငံအားလုံး အတူတကွပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးသည့် အခန်းကဏ္ဍတစ်ခုဖြစ်ကြောင်း၊ ယနေ့ကျင်းပသည့် ဆွေးနွေးပွဲသည် တရားမဝင်မူးယစ်ဆေးဝါးများကြောင့် ဖြစ် ပေါ်လာသော စိန်ခေါ်မှုများကို ဖြေရှင်းရာတွင် ပူးပေါင်းဆောင်ရွက်မှုစွမ်းအားများကို ခိုင်မာလာစေနိုင်သည့် အပြင် ဒေသတွင်းမူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးနှင့် ဘေး ကင်းလုံခြုံသော လူမှုအဖွဲ့အစည်းဖြစ် စေရေးမူးယစ်ဆေးဝါးဆန့်ကျင်ရေး အာဆီယံလုပ်ငန်းစီမံချက် (၂၀၁၆-၂၀၂၅) ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်လည်း အထောက်အပံ့ကောင်းတစ်ရပ်ဖြစ်စေမည်ဟု ယုံကြည်ကြောင်း ပြောသည်။

 

အာဆီယံဒေသအတွင်း တရားမဝင်မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အာဆီယံစီမံ ချက်များ ဖွံ့ဖြိုးတိုးတက်ရေး အခန်းကဏ္ဍသည် အလွန်အရေးကြီးကြောင်း၊ ဒေသတွင်းနိုင်ငံများအနေဖြင့် တက် ကြွစွာဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန်ကိုလည်း တိုက်တွန်းကြောင်း၊ ဒေသတွင်းရင်ဆိုင်နေရသော မူး ယစ်ဆေးဝါးအန္တရာယ်များနှင့် စိန်ခေါ်မှုအခက်အခဲများကို အတူတကွပူးပေါင်းရင်ဆိုင် ဖြေရှင်းနိုင်မည့်နည်းလမ်း များ ဖော်ထုတ်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ရဲမှူးချုပ်ဝင်းနိုင်က ပြောကြားသည်။

 

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲမှူးကြီး မြင့်ထူး ဦးဆောင်သော ကိုယ်စားလှယ်များ၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ အာဆီယံ အတွင်းရေးမှူးရုံးနှင့် အာဆီယံဆွေးနွေးဖက် နိုင်ငံများဖြစ်သည့် တရုတ်၊ အိန္ဒိယ၊ ကိုရီးယား၊ ရုရှားနိုင်ငံတို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး အာဆီယံစီမံချက်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ အကောင်အထည်ဖော် ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post