မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုလုပ်ငန်းများ လုပ်ဆောင်နေသည့်အကြမ်းဖက်သောင်းကျန်းသူ AA အဖွဲ့ကို သတိရှိရန်လိုကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းပြောကြား
PUBLISHED - June 5, 2024
နေပြည်တော်၊ ဇွန် ၅
မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားမှုလုပ်ငန်းများ လုပ်ဆောင်နေသည့် အကြမ်းဖက်သောင်းကျန်းသူ AA အဖွဲ့ကို သတိရှိရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက ၂၀၁၆ ခုနှစ်မှ ၂၀၂၄ခုနှစ် မတ်လအတွင်း AA သောင်းကျန်းသူအဖွဲ့နှင့် ဆက်စပ် သည့် မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု ကိုးကြိမ်ရှိခဲ့ကြောင်း၊ မူးယစ်ဆေးဝါးကာလတန်ဖိုး ၂၉၄ ဒသမ ၈၂ ဘီလီယံ ကျပ်ဖြစ်ကြောင်း တွေ့ရှိရကြောင်း၊ မေလ ၂၉ ရက်နေ့တွင်လည်း AA အကြမ်းဖက်အဖွဲ့ကို ပို့မည့် ရန်ကုန်မှ မောင်းနှင်လာသည့် အုတ်ခဲများနှင့် ရောသယ်ဆောင်လာသည့် ကားတစ်စီးကို စစ်ဆေးခဲ့ရာ WY စာတန်းပါ မူးယစ်ဆေးဝါး အုတ်ခဲပုံ အထုပ် ၂၀ စီပါသည့် အိတ် ၁၀ အိတ်၊ အုတ်ခဲပုံအထုပ်၁၀ ခုစီပါသည့် အိတ်ကိုးအိတ် WY စာတန်းပါ ဆေးပြားစုစုပေါင်း ၂၉ သိန်း၊ ကာလတန်ဖိုးငွေကျပ် သိန်းနှစ်သောင်းခန့် ဖမ်းဆီးရမိခဲ့ကြောင်း ပြောသည်။
“AA အကြမ်းဖက်သောင်းကျန်းသူများအနေနဲ့ ခုနကပြောသလို လူမျိုးရေးအစွန်းရောက် လှုံ့ဆော်မှုတွေ၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ၊ မီးရှို့ဖျက်ဆီးမှုတွေကို ရခိုင်ပြည်နယ်အတွင်းမှာ လုပ်ဆောင်နေတဲ့အပြင်၊ ရခိုင်ပြည်နယ်အတွင်းမှာ တစ်မျိုးသားလုံးလူညွန့်တုံးစေဖို့ မူးယစ်ဆေးဝါးရောင်းဝယ်တာတွေ၊ ဖြန့်ဖြူးတာတွေ ဆောင်ရွက်လျက်ရှိတာကို တွေ့ရပါတယ်။”ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
တိုင်းရင်းသား မိဘညီအစ်ကိုမောင်နှမများ၊ ပြည်သူများအနေနှင့် သူတို့၏ အစွန်းရောက်လုပ်ရပ်များ၊ ရခိုင် တစ်မျိုးသားလုံးကို လူညွန့်တုံးစေမည့် မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားမှုလုပ်ငန်းများ လုပ်ဆောင်နေ သည့် အကြမ်းဖက်သောင်းကျန်းသူ AA အဖွဲ့ကို သတိရှိရန်လိုကြောင်း၊ ထိုသို့ ဆောင်ရွက်နေခြင်းသည် ရခိုင်ပြည်သူလူထု မိမိတို့ မြန်မာနိုင်ငံ မြန်မာနိုင်ငံသူ နိုင်ငံသားများအတွက် အကျိုးယုတ်စေမည့်လုပ်ငန်း များပဲဖြစ်၍ အားလုံး ဝိုင်းဝန်းဆန့်ကျင်ကြရန် သတိပေးပြောကြားလိုကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
#PeopleMedia