• Follow Us on

Home မူးယစ်ဆေးဝါးသယ်ဆောင်သည့်အဖွဲ့တွင် AA တပ်ဖွဲ့ဝင်များ ပါဝင်နေသည်ကို (၈) ကြိမ်ခန့် ဖမ်းဆီးဖော်ထုတ် ရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး ပြောကြား

မူးယစ်ဆေးဝါးသယ်ဆောင်သည့်အဖွဲ့တွင် AA တပ်ဖွဲ့ဝင်များ ပါဝင်နေသည်ကို (၈) ကြိမ်ခန့် ဖမ်းဆီးဖော်ထုတ် ရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး ပြောကြား

Share this post

နေပြည်တော်၊ မတ် ၁၅

 

ပြည်မကိုဖြတ်ပြီး မူးယစ်ဆေးဝါး သယ်ဆောင်သည့်အဖွဲ့တွင် AA တပ်ဖွဲ့ဝင်များ ပါဝင်နေသည်ကို (၈) ကြိမ်ခန့် ဖမ်းဆီးဖော်ထုတ်ရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပြောသည်။

 

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အစည်း အဝေး (၁/၂၀၂၄) ကို ယမန်‌နေ့က နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ ကျင်းပသည်။

 

ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က မြန်မာနိုင်ငံ၌ သောင်းကျန်းသူအဖွဲ့များအနေဖြင့် နိုင်ငံအတွင်း တည်ငြိမ်မှုမရှိ အောင် လုပ်ဆောင်လျက်ရှိပြီး ၎င်းအခြေအနေကို အခွင့်ကောင်းယူကာ ၎င်းတို့၏ ဝင်ငွေရလမ်းဖြစ်သည့် မူးယစ် ဆေးဝါးထုတ်လုပ်မှုနှင့် သယ်ဆောင်ရောင်းဝယ်မှုများ လုပ်ဆောင်နေကြသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို မြန်မာနိုင်ငံအတွင်း၌ ထုတ်လုပ်နိုင်ခြင်း မရှိသောကြောင့် သောင်းကျန်းသူအဖွဲ့များသည် အခြားနိုင်ငံများမှ နည်းလမ်းမျိုးစုံဖြင့် မြန်မာ နိုင်ငံအတွင်းသို့ ချိတ်ဆက်သယ်ဆောင်လျက်ရှိနေကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုး တက်ရေးကို အဘက်ဘက်မှ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး လူသားမျိုးနွယ်တစ်ခုလုံးကို အန္တရာယ်ပြု နေသည့် မူးယစ်ဆေးဝါးအန္တရာယ်ကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူပြီး ဆောင်ရွက်လျက်ရှိကြောင်း ပြောသည်။

 

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ဖြစ်သည့် AA အဖွဲ့သည်လည်း မူးယစ်ဆေးဝါး သယ်ဆောင်ရောင်း ဝယ်မှုများနှင့် ပတ်သက်နေမှုများကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဟောင်း Mr. Kofi Annam ဦး ဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်က ၂၀၁၇ ခုနှစ်အတွင်း ပြုစုဖြန့်ဝေခဲ့သည့် အပြီးသတ် အစီရင်ခံစာတွင် ဖော်ပြခဲ့သည်ကို တွေ့ရှိရကြောင်း၊ ထို့ပြင် ပြည်မကိုဖြတ်ပြီး မူးယစ်ဆေးဝါး သယ်ဆောင်သည့် အဖွဲ့တွင် AA တပ်ဖွဲ့ဝင်များ ပါဝင်နေသည်ကို(၈)ကြိမ်ခန့် ဖမ်းဆီးဖော်ထုတ်ရရှိခဲ့ကြောင်း၊ AA အဖွဲ့ ၏ မူးယစ် ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုများကို ပြည်တွင်းသတင်းများ၌သာ ကြေညာခဲ့ပြီး နိုင်ငံတကာအထိ သိရှိအောင် ဆောင်ရွက်ရမည်ဖြစ်၍ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး မိတ်ဖက် အဖွဲ့အစည်းများနှင့် နိုင်ငံတကာ သံရုံးများမှ တစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင် ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ် ကြီးရာပြည့်က ပြောသည်။

 

ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်နေချိန်တွင် လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးမတည်မငြိမ်မှုများအပေါ် အခွင့်ကောင်း ယူပြီး မြန်မာနိုင်ငံအတွင်းရှိ အချို့သောတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် PDF အဖွဲ့များသည် မူးယစ်ဆေးဝါး ထုတ်လုပ် သယ်ဆောင် ရောင်းဝယ်မှုများနှင့် ဆက်စပ်ပတ်သက်နေသည်ကို ဖမ်းဆီးရမိမှုဖြစ် စဉ်များမှ စစ်ဆေးဖော်ထုတ် တွေ့ရှိရကြောင်း၊ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုများမှ ရရှိသည့် ငွေ ကြေးများဖြင့် လက်နက်ခဲယမ်း၊ အသုံးအဆောင်ပစ္စည်းများ ဝယ်ယူဖြည့်တင်းခြင်း ဆောင်ရွက်ကာ နိုင်ငံတော် လုံခြုံရေးကို ထိခိုက်စေသည့် လုပ်ရပ်များ လုပ်ဆောင်နေကြသည်ကို တွေ့ရှိရကြောင်း ပြောကြားသည်။

 

#PeopleMedia


Share this post