မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ မြင်သာကျေးရွာ၌ PDF နှင့် လုံခြုံရေးအဖွဲ့တို့ တိုက်ပွဲဖြစ်စဉ်အပေါ် People Media က ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းထံ ဆက်သွယ်မေးမြန်းမှု
PUBLISHED - September 10, 2021
“မြင်သာရွာမှာ PDF အဖွဲ့တွေ ခိုအောင်းနေတယ်ဆိုတာ ကျွန်တော်တို့ သတင်းရတယ်။ ရတော့ နယ်မြေ လုံခြုံရေးသွားပြီး ဆောင်ရွက်တယ်။ မြင်သာကျေးရွာအနီးအရောက်မှာ PDF အဖွဲ့ ၅၀ လောက်က လက်နက် ငယ်တွေ၊ တူမီးသေနတ်တွေနဲ့ ပစ်ခတ်ခဲ့တာရှိတယ်။ ဒီဘက်တပ်ကလည်း ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်။ သူတို့အရှေ့ဘက်ကို ပြန်ဆုတ်သွားတယ်။ အဲဒီမှာ PDF အလောင်းတွေ၊ တူမီးသေနတ်တွေနဲ့ လက်နက်ငယ် တွေရယ်၊ လက်လုပ်စိန်ပြောင်း ၈ လက်၊ စုစုပေါင်း သေနတ် ၂၃ လက် ရရှိခဲ့တာရှိတယ်။ အဲဒီဖြစ်စဉ်လေးပါပဲ” ဗိုလ်ချုပ်ဇော်မင်းထွန်း
#PeopleMedia #PDF
(unicode)
#PeopleMedia #PDF