• Follow Us on

Home မေကြးတိုင္း မင္းလွ၌ ယေန႔ ဘဂၤလီ(၅)ဦးႏွင့္ ပူးေပါင္းပါဝင္သူ(၆)ဦး ဖမ္းမိ၊ သုံးႏွစ္အတြင္း မင္းလွ၌ ဘဂၤါလီ(၂၀၀)ေက်ာ္ ဖမ္းမိထား

မေကြးတိုင္း မင္းလွ၌ ယေန႔ ဘဂၤလီ(၅)ဦးႏွင့္ ပူးေပါင္းပါဝင္သူ(၆)ဦး ဖမ္းမိ၊ သုံးႏွစ္အတြင္း မင္းလွ၌ ဘဂၤါလီ(၂၀၀)ေက်ာ္ ဖမ္းမိထား

Share this post

မေကြး၊ ဇန္နဝါရီ -၂၉

မေကြးတိုင္းေဒသႀကီး၊အထက္မင္းလွၿမိဳ႕၌ ဇန္နဝါရီ(၂၉)ရက္ နံနက္ပိုင္းက ခိုးဝင္ဘဂၤလီ(၅)ဦးႏွင့္အတူ ပူးေပါင္းပါဝင္သူ(၆)ဦးဖမ္းမိခဲ့ၿပီး သုံးႏွစ္အတြင္း ဘဂၤလီ(၂၀၀)ေက်ာ္ဖမ္းဆီးႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။

ပုသိမ္-မုံရြာကားလမ္း မိုင္တိုင္(၂၁၅/၁)၌ လုံၿခဳံေရးအဖြဲ႕မ်ားသည္ လုံၿခဳံေရး ေဆာင္ရြက္စဉ္ ပ႐ိုေဘာက္ Taxi ယာဉ္ကို စစ္ေဆးရာ ယာဉ္ေပၚ၌ လိုက္ပါလာသည့္ ဘဂၤလီမ်ားလမ္းျပ(၃)ဦးကို ဖမ္းဆီးႏိုင္ခဲ့ပါတယ္။

ထိုေနာက္ ဆက္လက္စစ္ေဆးရာ အထက္မင္းလွၿမိဳ႕နယ္၊လက္ပံတံခါးေက်းရြာ အေရွ႕ဘက္ (၁/၂)မိုင္ခန္႔အကြာ၌ ခိုးဝင္ဘဂၤလီ(၅)ဦးႏွင့္အတူ လမ္းျပ (၃)ဦးကို ဖမ္းဆီးႏိုင္ခဲ့ပါတယ္။

ဘဂၤလီမ်ားသည္ လူပြဲစားမ်ားကို ေက်ာက္ေတာ္မွရန္ကုန္သို႔ တစ္ဦးလွ်င္ က်ပ္သိန္း(၃၀)ခန္႔ေပးေဆာင္ရန္ႏွင့္ရန္ကုန္မွမေလးရွားကို က်ပ္သိန္း(၂၅)သိန္းေပးရန္ သေဘာတူညီခဲ့ၾကတာ ျဖစ္ပါတယ္။

အဆိုပါ ဘဂၤလီမ်ားသည္ ရခိုင္ျပည္နယ္ေက်ာက္ေတာ္ၿမိဳ႕၊ အလယ္ကြၽန္းေက်းရြာ၊ေရြျပည္ေက်းရြာအုပ္စုမွာ ေနထိုင္သူေတြျဖစ္ၾကပါတယ္။ဘဂၤလီမ်ားကို လမ္းျပအျဖစ္ တာဝန္ယူေခၚေဆာင္သူမ်ားသည္ ရန္ကုန္တိုင္းေဒသႀကီး၊ေတာင္ဒဂုံၿမိဳ႕နယ္၊(၂၀)ရပ္ကြက္၊ေရႊဟသၤာ(၁)လမ္းေနထိုင္သူျဖစ္ၿပီး အျခားေသာ လမ္းျပမ်ားသည္ မင္းလွၿမိဳ႕နယ္ ေနထိုင္သူေတြ ျဖစ္ၾကပါတယ္။

ဘဂၤလီမ်ားကို သြားေရာက္ေခၚေဆာင္သည့္ ယာဉ္ေမာင္းသည္ သကၤန္းကြၽန္းၿမိဳ႕နယ္၊ႀကီးပြားေရးရပ္ကြက္၊ေအာင္ေဇယ်လမ္းေန၌ ေနထိုင္သူ ျဖစ္ေၾကာင္းသိရပါတယ္။

လက္ရွိအခ်ိန္၌ ဘဂၤလီ(၅)ဦးအပါအဝင္ လမ္းျပ(၆)ဦးကို မင္းလွရဲစခန္း၌ ဥပေဒအရေဆာင္ရြက္လ်က္ရွိၿပီး ဆက္စပ္ တရားခံမ်ားျဖစ္သည့္ မေကြးၿမိဳ႕တည္းခိုခန္း၌ ေနထိုင္ေနသည့္ ထြန္းေအာင္ေက်ာ္ပါ(၃)ဦးကို မေကြးၿမိဳ႕ အမွတ္(၁)ရဲစခန္းမွာ ဖမ္းဆီးထားၿပီးျဖစ္ပါတယ္။

#PeopleMedie #မင္းလွဘဂၤလီ

(unicode)
မကွေးတိုင်း မင်းလှ၌ ယနေ့ ဘင်္ဂလီ(၅)ဦးနှင့် ပူးပေါင်းပါဝင်သူ(၆)ဦး ဖမ်းမိ၊သုံးနှစ် အတွင်း မင်းလှ၌ ဘင်္ဂလီ(၂၀၀)ကျော် ဖမ်းမိထား
……………………………………………………………………………………

မကွေး၊ဇန်နဝါရီ -၂၉

မကွေးတိုင်းဒေသကြီး၊အထက်မင်းလှမြို့၌ ဇန်နဝါရီ(၂၉)ရက် နံနက်ပိုင်းက ခိုးဝင်ဘင်္ဂလီ(၅)ဦးနှင့်အတူ ပူးပေါင်းပါဝင်သူ(၆)ဦးဖမ်းမိခဲ့ပြီး သုံးနှစ်အတွင်း ဘင်္ဂလီ(၂၀၀)ကျော်ဖမ်းဆီးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ပုသိမ်-မုံရွာကားလမ်း မိုင်တိုင်(၂၁၅/၁)၌ လုံခြုံရေးအဖွဲ့များသည် လုံခြုံရေး ဆောင်ရွက်စဉ် ပရိုဘောက် Taxi ယာဉ်ကို စစ်ဆေးရာ ယာဉ်ပေါ်၌ လိုက်ပါလာသည့် ဘင်္ဂလီများလမ်းပြ(၃)ဦးကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။

ထိုနောက် ဆက်လက်စစ်ဆေးရာ အထက်မင်းလှမြို့နယ်၊လက်ပံတံခါးကျေးရွာ အရှေ့ဘက် (၁/၂)မိုင်ခန့်အကွာ၌ ခိုးဝင်ဘင်္ဂလီ(၅)ဦးနှင့်အတူ လမ်းပြ (၃)ဦးကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။

ဘင်္ဂလီများသည် လူပွဲစားများကို ကျောက်တော်မှရန်ကုန်သို့ တစ်ဦးလျှင် ကျပ်သိန်း(၃၀)ခန့်ပေးဆောင်ရန်နှင့်ရန်ကုန်မှမလေးရှားကို ကျပ်သိန်း(၂၅)သိန်းပေးရန် သဘောတူညီခဲ့ကြတာ ဖြစ်ပါတယ်။

အဆိုပါ ဘင်္ဂလီများသည် ရခိုင်ပြည်နယ်ကျောက်တော်မြို့၊ အလယ်ကျွန်းကျေးရွာ၊ရွေပြည်ကျေးရွာအုပ်စုမှာ နေထိုင်သူတွေဖြစ်ကြပါတယ်။ဘင်္ဂလီများကို လမ်းပြအဖြစ် တာဝန်ယူခေါ်ဆောင်သူများသည် ရန်ကုန်တိုင်းဒေသကြီး၊တောင်ဒဂုံမြို့နယ်၊(၂၀)ရပ်ကွက်၊ရွှေဟင်္သာ(၁)လမ်းနေထိုင်သူဖြစ်ပြီး အခြားသော လမ်းပြများသည် မင်းလှမြို့နယ် နေထိုင်သူတွေ ဖြစ်ကြပါတယ်။

ဘင်္ဂလီများကို သွားရောက်ခေါ်ဆောင်သည့် ယာဉ်မောင်းသည် သင်္ကန်းကျွန်းမြို့နယ်၊ကြီးပွားရေးရပ်ကွက်၊အောင်ဇေယျလမ်းနေ၌ နေထိုင်သူ ဖြစ်ကြောင်းသိရပါတယ်။

လက်ရှိအချိန်၌ ဘင်္ဂလီ(၅)ဦးအပါအဝင် လမ်းပြ(၆)ဦးကို မင်းလှရဲစခန်း၌ ဥပဒေအရဆောင်ရွက်လျက်ရှိပြီး ဆက်စပ် တရားခံများဖြစ်သည့် မကွေးမြို့တည်းခိုခန်း၌ နေထိုင်နေသည့် ထွန်းအောင်ကျော်ပါ(၃)ဦးကို မကွေးမြို့ အမှတ်(၁)ရဲစခန်းမှာ ဖမ်းဆီးထားပြီးဖြစ်ပါတယ်။

#PeopleMedie #မင်းလှဘင်္ဂလီ


Share this post