မကွေးတိုင်း ဆောမြို့ ကျောက်စစ်ကျေးရွာ၌ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး ခေါင်းဖြတ်အသတ်ခံရ
PUBLISHED - August 19, 2021
နေပြည်တော်၊ သြဂုတ် ၁၉ (People Media)
မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်၊ ကျောက်စစ်ကျေးရွာတွင် ဩဂုတ်လ ၁၈ ရက်နေ့ ညပိုင်းက အမျိုးသား နှစ်ဦးနှင့် အမျိုးသမီးတစ်ဦး ခေါင်းဖြတ်သတ်ခံရကြောင်း ယင်းမြို့နယ်ဒေသခံများထံမှ သိရသည်။
ယမန်နေ့ ညပိုင်းတွင် အဆိုပါ ကျေးရွာထဲနေသူများမှာ သေနတ်သံများလည်း ကြားလိုက်ရပြီး၊ သေဆုံးသူ များမှာ န-စ-ကကောင်စီကို သတင်းပေးသူများဖြစ်တယ်လို့ ပြောဆိုမှုများရှိသည်။
သတ်ဖြတ်ခံရသူ ၃ ဦးသည် ကိုထွန်းညွန့်၊ ကိုစံသိန်းနှင့် မဥမ္မာတို့မှာ ဦးခေါင်းဖြတ်အသတ်ခံထားရခြင်းဖြစ်ပြီး၊ မည်သည့်အဖွဲ့အစည်းမှ သတ်သည်ကို မသိရှိရသေးကြောင်း သိရသည်။
#PeopleMedia #ဆောမြို့
(unicode)
……………………………………………………………….