မကွေးတိုင်းဒေသကြီးအတွင်းရှိ စစ်ဆေးရေးဂိတ်များ၌ ငွေကြေးတစ်စုံတစ်ရာ တောင်းခံပါက တိုင်ကြားနိုင် သည့် Venyl ဆိုင်းဘုတ်များ စိုက်ထူရန် စီစဉ်နေ

PUBLISHED - December 26, 2021
မကွေး၊ ဒီဇင်ဘာ၂၆ (People Media)
မကွေးတိုင်းဒေသကြီးအတွင်းရှိ စစ်ဆေးရေးဂိတ်များ၌ တာဝန်ရှိသူများက ငွေကြေးတစ်စုံတစ်ရာ တောင်းခံမှု ရှိပါက တိုင်ကြားနိုင်သည့် Venyl ဆိုင်းဘုတ်များကို တိုင်းဒေသကြီးရှိ မြို့နယ်များ၌ စိုက်ထူရန် စီစဉ်နေ ကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် ဒီဇင်ဘာ ၂၄ ရက်နေ့က မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မကွေးတိုင်းဒေသကြီးနယ်စပ် (ရွှေပန်း) စစ်ဆေးရေးဂိတ်၊ မြို့သစ်မြို့ဝင် နေပြည်တော်-မြို့သစ်-ကံပြား(လမ်းဆုံ) ဂိတ်၊ မြို့အထွက် တောင်တွင်းကြီး-မြို့သစ်-နတ်မောက်လမ်း (ဓါတ်အားခွဲရုံ) ဂိတ်များတွင် တိုင်ကြားနိုင်သည့် Venyl ဆိုင်းဘုတ်များကို စိုက်ထူမှု ပြုလုပ်ခဲ့သည်။
“တိုင်းအစိုးရအဖွဲ့ရဲ့ လမ်းညွှန်ချက်နဲ့ပါ။ တာဝန်ရှိသူတွေ တောင်းခဲ့တာ မှန်တယ်ဆိုရင် အချိန်မရွေး အချက် အလက်နဲ့ တိုင်ကြားနိုင်ပါတယ်” လို့ တိုင်းအစိုးရတာဝန်ရှိသူတစ်ဦးက ပြောသည်။
အလားတူ န-စ-က လက်ထက်၌ တိုင်းဒေသကြီး/ပြည်နယ်များရှိ အစိုးရအဖွဲ့များ၌ မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့သည် ၎င်းတို့၏ ဆောင်ရွက်ချက်များကို တိုင်းအစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေး Page ဖွင့်၍ ဖော်ပြပေး လျက်ရှိသည်။
#PeopleMedia #မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့
(unicode)
…………………………………………………….