မကွေးမြို့၊ ပြည်ခိုင်ဖြိုးရုံးရှေ့ရှိ ကွမ်းယာဆိုင် ဗုံးခွဲခံရပြီး ၅ နှစ်သားအရွယ် သေဆုံးခဲ့သည့်ဖြစ်စဉ်၌ ကျူးလွန်သူ အမျိုးသားနှစ်ဦး ဖမ်းဆီးခံထားရ

PUBLISHED - September 20, 2021
မကွေး၊ စက်တင်ဘာ ၂၀ (People Media)
စက်တင်ဘာ ၁၄ ရက်နေ့ မကွေးမြို့၊ မင်းကန်ကြီးရပ်ကွက်၊ ပြည်ခိုင်ဖြိုးပါတီရုံးရှေ့၌ရှိသည့် ပွားကြီး ကွမ်းယာ ဆိုင် ဗုံးခွဲခံရပြီး ၅ နှစ်အရွယ်ကလေးငယ် သေဆုံးခဲ့သည့်ဖြစ်စဉ်၌ ကျူးလွန်သူ အမျိုးသားနှစ်ဦးသည် ဖမ်းဆီး ခံထားရသည်။
အဆိုပါ ကွမ်းယာဆိုင် ဗုံးခွဲခံရမှုကြောင့် (၅) နှစ်အရွယ်ကလေးငယ် သေဆုံးသွားခဲ့သလို အသက် ၂၅ နှစ် အရွယ် အမျိုးသားတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ဖြစ်စဉ်၌ ကျူးလွန်သူများကို CCTV မှတ်တမ်းများအရ လိုက်ခံရှာဖွေရာ မကွေးမြို့နေ ကိုချစ်ဖြိုးသုန်၊ ထူးဝေယံ တို့ကို ဖမ်းဆီးထားကြောင်း သိရသည်။
#PeopleMedia #မကွေးမြို့
(unicode)
…………………………………………………………………