မကွေးမြို့၌ ဓါတ်တိုင်ပေါ်တက်ပြီး ဆက်သွယ်ရေးကြိုး တပ်ဆင်ခဲ့သည့် Mytel ဝန်ထမ်းတစ်ဦး ဓာတ်လိုက်၍ တိုင်ပေါ်မှ ပြုတ်ကျ
PUBLISHED - October 27, 2021
မကွေး၊ အောက်တိုဘာ ၂၇ (People Media)
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ သုခိတာလမ်း၊ ဆည်မြောင်းဈေးအနီး၌ ဓါတ်တိုင်ပေါ်တက်၍ ဆက် သွယ်ရေးကြိုးတပ်ဆင်ခဲ့သည် Mytel ဝန်ထမ်းတစ်ဦးသည် ဓာတ်လိုက်၍ ဓာတ်တိုင်ပေါ်မှ ပြုတ်ကျ မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းများထံမှ သိရပါတယ်။
“ဓာတ်တိုင်ပေါ်မှာ ဖိုက်ဘာတပ်ဆင်ရင်းနဲ့ဖြစ်တာ။ အသက်အန္တရာယ်ကတော့ မရှိပါဘူး။ ပွန်းရုံပဲ့ရုံ လောက်ပဲရှိပါတယ်” ဟု ဒေသခံလူမှုကူညီရေးအသင်းများမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ ဓာတ်လိုက်၍ ဓာတ်တိုင်ပေါ်မှ ပြုတ်ကျသော Mytel ဝန်ထမ်းကို ဒေသခံလူမှုကူညီရေးအသင်းများမှ မကွေတိုင်းပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#PeopleMedia #Mytel #မကွေး
(unicode)
……………………………………………………………