မလေးရှားတွင် ကုလဒုက္ခသည်သက်သေခံကတ်ပြားအတုလုပ်သော မြန်မာနိုင်ငံသားတစ်ဦး ဖမ်းဆီးခံရ

PUBLISHED - August 23, 2019
မလေးရှားနိုင်ငံမှာ နိုင်ငံခြားသားတွေကို သက်သေခံကတ်ပြားနဲ့ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးများရုံး(UNHCR)က ဒုက္ခသည်တွေကို ထုတ်ပေးတဲ့ ကတ်ပြားတွေကို အတုလုပ်တဲ့ မြန်မာနိုင်ငံသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ မလေးရှားသတင်း ဌာနတစ်ခုက ဖော်ပြခဲ့ပါတယ်။
အသက် ၄၅ နှစ်အရွယ် မြန်မာနိုင်ငံသားငှားရမ်းထားတဲ့နေအိမ်ကို မလေးရှားရဲတပ်ဖွဲ့က ၀င်ရောက်ရှာဖွေခဲ့ရာမှာ ကုလက ထုတ်ပေးတဲ့ ဒုက္ခသည်ကတ်ပြား ၅ ခုနဲ့ သက်သေခံ ကတ်ပြား ၄ ခုတို့ကို သိမ်းဆည်းရမိခဲ့ပြီး ကတ်ပြားအတုလုပ်ရာမှာ အသုံးပြုတယ်လို့ ယူဆရတဲ့ ပရင်တာနဲ့ ဆက်စပ်စက္ကူပစ္စည်းတွေကိုလည်းတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားဟာ အခုလို တရားမ၀င်အလုပ်တွေလုပ်ကိုင်နေခဲ့တာ ၂ လေ ကျာ်ပြီဖြစ် ပြီး ကိုယ်တိုင် မမှန်ကန်တဲ့ ခရီးသွားလာခွင့် သက်သေခံ အထောက်အထားတွေကို ကိုင်ဆောင်ထားတယ်လို့ မလေးရှားသတင်းဌာနတစ်ခုက ဖော်ပြပါတယ်။
Ref; BERNAMA