
PUBLISHED - December 9, 2019
Ref; CAN
(Unicode)
မလေးရှားနိုင်ငံတွင် ၁၉၉၂ ခုနှစ်နောက်ပိုင်း ပထမဦးဆုံးအကြိမ် ပိုလီယိုရောဂါဖြစ်ပွားမှု တွေ့ရှိ
…………………………………………………………
မလေးရှားနိုင်ငံမှာ နှစ် ၃၀ နီးပါးကာလအတွင်း ပထမဦးဆုံးအကြိမ်အနေနဲ့ သုံးနှစ်အရွယ် ကလေးငယ်တစ်ဦး မှာ ပိုလီယိုရောဂါဖြစ်ပွားနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
ဆာဘက်ပြည်နယ်က သုံးနှစ်အရွယ်ကလေးငယ်ဟာ ဖျားနာမှုနဲ့ ကြွက်သားအားနည်းခြင်းတွေကြောင့် ဆေးရုံ ရောက်ရှိလာခဲ့ပြီး ပြီးခဲ့တဲ့ သောကြာနေ့က ပိုလီယိုဖြစ်ပွားနေကြောင်း စစ်ဆေးတွေ့ရှိခဲ့တာပါ။ လူနာကို သီးခြားဆောင်မှာထားရှိ ကုသနေပြီး အသက်ရှုဖို့ အထောက်အကူပေးထားရပေမယ့် အခြေအနေတည်ငြိမ်မှု ရှိတယ်လို့ ကျန်းမာရေးဝန်ထမ်းတွေက ပြောပါတယ်။
၁၉၉၂ ခုနှစ်နောက်မှာ နောက်ဆုံးပီလီယိုဖြစ်ပွားခဲ့တဲ့ မလေးရှားနိုင်ငံဟာ ၂၀၀၀ ခုနှစ်မှာ ပိုလီယိုရောဂါကင်း ရှင်းတဲ့နိုင်ငံအဖြစ် ကြေညာထားခဲ့တာဖြစ်ပါတယ်။
Ref; CAN
#PeopleMedia #International