မေလး႐ွား၀န္ႀကီးခ်ဳပ္ေဟာင္း အာဏာအလြဲသံုးစားလုပ္မႈအပါအ၀င္ စြဲခ်က္ ၇ ခုတြင္ အျပစ္႐ွိေၾကာင္းဆံုးျဖတ္

PUBLISHED - July 29, 2020
ကြာလာလမ္ပူ၊ ဇူလိုင္ ၂၈
မေလး႐ွားၿမိဳ႕ဖြံ႔ၿဖိဳးေရးရန္ပံုေငြ (1MDB)ႏွင့္ ဆက္စပ္ေနသည့္ ရင္းဂစ္ေငြသန္းခ်ီပါ၀င္ေသာ အက်င့္ပ်က္ျခစားမႈ တရားခြင္တြင္ စြဲခ်က္ ၇ ခုစလံုးအတြက္ မေလး႐ွား၀န္ႀကီးခ်ဳပ္ေဟာင္းနာဂ်စ္ ရာဇတ္တြင္ အျပစ္႐ွိေၾကာင္း ဆံုးျဖတ္လိုက္သည္။
စြဲခ်က္မ်ားတြင္ အာဏာအလြဲသံုးစားလုပ္မႈ၊ ေငြေၾကးခဝါခ်မႈႏွင့္ ျပစ္မႈေျမာက္သည့္ယံုၾကည္မႈခ်ိဳးေဖာက္မႈတို႔ ပါ၀င္သည္။
“က်ိဳးေၾကာင္းဆီေလ်ာ္တဲ့သံသယတစ္ခုဆိုတာထက္ပိုၿပီး အမႈစစ္ရာမွာ သက္ေသျပႏိုင္တယ္လို႔ ေတြ႕႐ွိရပါ တယ္၊။ ဒါ့ေၾကာင့္ စြပ္စြဲခံရသူမွာ အျပစ္႐ွိတယ္လို႔ ကၽြန္ေတာ္ေတြ႕႐ွိခဲ့ၿပီး စြဲခ်က္ ၇ ခုစလံုးအတြက္ အျပစ္႐ွိ ပါတယ္”ဟု အထက္႐ံုးတရားသူႀကီးမိုဟာမက္ နာဇ္လန္ မိုဟာမက္ ဂါဇာလီက စီရင္ခ်က္ကိုဖတ္ၾကားရာတြင္ ေျပာသည္။
၂၀၀၉ ခုႏွစ္မွ ၂၀၁၈ ခုႏွစ္အထိ မေလး႐ွား၀န္ႀကီးခ်ဳပ္အျဖစ္တာ၀န္ထမ္းေဆာင္ခဲ့သည့္ နာဂ်စ္အေပၚ စြဲခ်က္ မ်ားတြင္ 1MDB ၏လက္ခြဲတစ္ခုျဖစ္သည့္ SRC International မွ မေလး႐ွားရင္းဂစ္ ၄၂ သန္း (အေမရိကန္ ေဒၚလာ ၉.၈ သန္း)ကို ၂၀၁၄ ခုႏွစ္မွ ၂၀၁၅ ခုႏွစ္အတြင္း လႊဲေျပာင္းေပးခဲ့မႈလည္းပါ၀င္သည္။
ျပစ္မႈေျမာက္သည့္ယံုၾကည္မႈခ်ိဳးေဖာက္မႈ ၃ မႈ၊ ေငြေၾကးခဝါခ်မႈ ၃ မႈႏွင့္ အာဏာအလြဲသံုးစားလုပ္မႈ ၁ မႈတို႔ အတြက္ နာဂ်စ္ကို စြဲခ်က္တင္ထားျခင္းျဖစ္သည္။
ဆံုးျဖတ္ခ်က္အၿပီးတြင္ နာဂ်စ္၏ေ႐ွ႕ေနမူဟာမက္ ႐ွာဖီး အဗၺဒူလာက ၾသဂုတ္ ၃ ရက္အထိ အမိန္႔ခ်ျခင္းကို ေ႐ႊ႕ဆိုင္းေပးရန္ ေတာင္းဆိုခဲ့သည္။
“တစ္ႏိုင္ငံလံုးကို အလံုပိတ္ကန္႔သတ္ခ်ထားတယ္ဆိုတာ ကၽြန္ေတာ္တို႔ အသိပဲျဖစ္တဲ့အတြက္ ကၽြန္ေတာ့္အမႈ သည္က ဘယ္မွထြက္ေျပးမွာမဟုတ္ပါဘူး”ဟု အဗၺဒူလာကေျပာသည္။
သို႔ေသာ္ အမိန္႔ခ်မည့္ရက္ေနာက္ေ႐ႊ႕ရန္ လံုေလာက္သည့္အေၾကာင္းျပခ်က္မ႐ွိေၾကာင္း အမႈစစ္႐ံုးကေျပာ သည္။
ယခုတရားခြင္အျပင္ နာဂ်စ္သည္1MDB ႏွင့္ဆက္စပ္ၿပီး ေနာက္ထပ္တရားခြင္ ၂ ခုရင္ဆိုင္ရမည္ျဖစ္သည္။
Ref : Former Malaysia PM Najib Razak found guilty of all 7 charges in 1MDB trial
(unicode)
မလေးရှားဝန်ကြီးချုပ်ဟောင်း အာဏာအလွဲသုံးစားလုပ်မှုအပါအဝင် စွဲချက် ၇ ခုတွင် အပြစ်ရှိကြောင်းဆုံးဖြတ်
……………………………………………………
ကွာလာလမ်ပူ၊ ဇူလိုင် ၂၈
မလေးရှားမြို့ဖွံ့ဖြိုးရေးရန်ပုံငွေ (1MDB)နှင့် ဆက်စပ်နေသည့် ရင်းဂစ်ငွေသန်းချီပါဝင်သော အကျင့်ပျက်ခြစားမှု တရားခွင်တွင် စွဲချက် ၇ ခုစလုံးအတွက် မလေးရှားဝန်ကြီးချုပ်ဟောင်းနာဂျစ် ရာဇတ်တွင် အပြစ်ရှိကြောင်း ဆုံးဖြတ်လိုက်သည်။
စွဲချက်များတွင် အာဏာအလွဲသုံးစားလုပ်မှု၊ ငွေကြေးခဝါချမှုနှင့် ပြစ်မှုမြောက်သည့်ယုံကြည်မှုချိုးဖောက်မှုတို့ ပါဝင်သည်။
“ကျိုးကြောင်းဆီလျော်တဲ့သံသယတစ်ခုဆိုတာထက်ပိုပြီး အမှုစစ်ရာမှာ သက်သေပြနိုင်တယ်လို့ တွေ့ရှိရပါ တယ်၊။ ဒါ့ကြောင့် စွပ်စွဲခံရသူမှာ အပြစ်ရှိတယ်လို့ ကျွန်တော်တွေ့ရှိခဲ့ပြီး စွဲချက် ၇ ခုစလုံးအတွက် အပြစ်ရှိ ပါတယ်”ဟု အထက်ရုံးတရားသူကြီးမိုဟာမက် နာဇ်လန် မိုဟာမက် ဂါဇာလီက စီရင်ချက်ကိုဖတ်ကြားရာတွင် ပြောသည်။
၂၀၀၉ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ မလေးရှားဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည့် နာဂျစ်အပေါ် စွဲချက် များတွင် 1MDB ၏လက်ခွဲတစ်ခုဖြစ်သည့် SRC International မှ မလေးရှားရင်းဂစ် ၄၂ သန်း (အမေရိကန် ဒေါ်လာ ၉.၈ သန်း)ကို ၂၀၁၄ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း လွှဲပြောင်းပေးခဲ့မှုလည်းပါဝင်သည်။
ပြစ်မှုမြောက်သည့်ယုံကြည်မှုချိုးဖောက်မှု ၃ မှု၊ ငွေကြေးခဝါချမှု ၃ မှုနှင့် အာဏာအလွဲသုံးစားလုပ်မှု ၁ မှုတို့ အတွက် နာဂျစ်ကို စွဲချက်တင်ထားခြင်းဖြစ်သည်။
ဆုံးဖြတ်ချက်အပြီးတွင် နာဂျစ်၏ရှေ့နေမူဟာမက် ရှာဖီး အဗ္ဗဒူလာက ဩဂုတ် ၃ ရက်အထိ အမိန့်ချခြင်းကို ရွှေ့ဆိုင်းပေးရန် တောင်းဆိုခဲ့သည်။
“တစ်နိုင်ငံလုံးကို အလုံပိတ်ကန့်သတ်ချထားတယ်ဆိုတာ ကျွန်တော်တို့ အသိပဲဖြစ်တဲ့အတွက် ကျွန်တော့်အမှု သည်က ဘယ်မှထွက်ပြေးမှာမဟုတ်ပါဘူး”ဟု အဗ္ဗဒူလာကပြောသည်။
သို့သော် အမိန့်ချမည့်ရက်နောက်ရွှေ့ရန် လုံလောက်သည့်အကြောင်းပြချက်မရှိကြောင်း အမှုစစ်ရုံးကပြော သည်။
ယခုတရားခွင်အပြင် နာဂျစ်သည်1MDB နှင့်ဆက်စပ်ပြီး နောက်ထပ်တရားခွင် ၂ ခုရင်ဆိုင်ရမည်ဖြစ်သည်။
Ref : Former Malaysia PM Najib Razak found guilty of all 7 charges in 1MDB trial