မောင်တောမြို့နယ်တွင် တစ်ဖက်နိုင်ငံမှ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် ဘင်္ဂလီ ၁ ဦး ဖမ်းဆီးရမိ
PUBLISHED - July 29, 2023
နေပြည်တော်၊ ဇူလိုင် ၂၉
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မင်္ဂလာကြီးကျေးရွာ ဆိပ်ကမ်းအနီးတွင် ယမန်နေ့ မွန်းလွဲပိုင်းက တရား မဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် ဘင်္ဂလီ ၁ ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
တာဝန်ရှိသူများမှ လှည့်ကင်းဆောင်ရွက်နေစဉ် မသင်္ကာဖွယ်ဘင်္ဂလီတစ်ဦးအား တွေ့ရှိသဖြင့် စစ်ဆေးမေးမြန်း ရာ မောင်တောမြို့နယ်၊ မင်္ဂလာကြီးအုပ်စု၊ သာစည်ကျေးရွာနေ အေနာမူလ္လာ (၂၁) နှစ်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ တရားမဝင်သွားရောက်၍ လယ်စာရင်းအငှား လုပ်ကိုင်လျက်ရှိရာမှ တရားမဝင်နယ်စပ်ဖြတ်ကျော်ကာ ပြန်လည်ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးရမိဘင်္ဂလီအား ပြင်ဖြူနယ်မြေရဲစခန်း၌ ထိန်းသိမ်းထားပြီး လဝကအက်ဥပဒေပုဒ်မဖြင့် အမှုဖွင့်အရေးယူ သွားမည်ဖြစ်ကြောင်း သိရသည်။
#PeopleMedia