• Follow Us on

Home မောင်တောမြို့နယ်တွင် တောင်ဆင်ရိုင်းအနင်းခံရမှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံး

မောင်တောမြို့နယ်တွင် တောင်ဆင်ရိုင်းအနင်းခံရမှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံး

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၁၉

 

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ရေတွင်းပြင်တွင် ယမန်နေ့ နံနက် ၄ နာရီအချိန်က တောင်ဆင်ရိုင်း အနင်းခံရမှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံးသွားကြောင်း သိရသည်။

 

မောင်တောမြို့နယ်၊ ရေတွင်းပြင်ကျေးရွာနေ ဒေါ်စေဖန်ခါတူ ၆၀ နှစ်သည် ၎င်း၏အမျိုးသားဖြစ်သူနှင့်အတူ လယ်ထဲ၌ စပါးစောင့်အိပ်နေစဉ် တောဆင်ရိုင်းတစ်ကောင်ဝင်လာပြီး စပါးများစားနေသည်ကို တွေ့ရှိသည့် အတွက် မောင်းထုတ်ရာမှ ဆင်ရိုင်းမှ ပြန်လည်တိုက်ခိုက်ခံရခဲ့ခြင်းကြောင့် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

 

မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်နှင့် ရသေ့တောင်မြိုနယ်ရှိ မေယုတောင်တန်းအနီး ကျေးရွာများတွင် တောဆင်ရိုင်းကြောင့် မကြာခဏ ဒေသခံများ သေဆုံးမှုရှိခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post