မောင်တောမြို့နယ်တွင် ရွှေဆိုင်ပိုင်ရှင်၏ နေအိမ်အား လူတစ်စုမှဓါးပြဝင်တိုက်ပြီး ရွှေ ၅ ပိဿာခန့်အား ယူဆောင်သွား
PUBLISHED - December 23, 2023
နေပြည်တော်၊ ဒီဇင်ဘာ ၂၃
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မြို့မအရှေ့ရပ်ကွက်၊ ဦးဥတ္တမလမ်းရှိ ရွှေဆိုင်ပိုင်ရှင်၏ နေအိမ်အား ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်က လူတစ်စုမှ ဓါးပြဝင်တိုက်ခဲ့ပြီး ရွှေ ၅ ပိဿာခန့်အား ယူဆောင်သွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ မောင်တောမြို့နယ်၊ မြို့မအရှေ့ရပ်ကွက်၊ ဦးဥတ္တမလမ်းနေ ဒိုင်းမွန်းရွှေဆိုင်ပိုင်ရှင်ဖြစ်သူ ဦးအဏ္ဏ ဝါဆာဒက် ၃၅ နှစ်၏ နေအိမ်သို့ ဦးထုပ်အဝိုင်းများဆောင်း၍ Mask များ တပ်ဆင်ထားသော အမည်မသိလူ ၆ ဦး ဝင်ရောက်လာပြီး ထမင်းချက်နေသည့် ဦးအဏ္ဏဝါဆာဒက်၏ ဇနီးဖြစ်သူ မဆော်လေမာ ၂၄ နှစ်အား ဖမ်း ဆီးချုပ်နှောင်ခဲ့ကြောင်း၊ ထို့နောက် နေအိမ်အပေါ်ထပ်အိပ်ခန်းအတွင်း သံသေတ္တာဖြင့်ထည့်ထားသော ကာလ တန်ဖိုးသိန်း ၁၆,၅၀၀ ခန့်ရှိ ရွှေထည်ပစ္စည်း ၅ ပိဿာခန့်အား ယူဆောင်သွားကြောင်း သိရသည်။
#PeopleMedia