• Follow Us on
Latest News

Home မောင်တောမြို့နယ် ခိုးဝင်ဘင်္ဂလီမိသားစုတစ်စုအား ဖမ်းဆီးရမိ

မောင်တောမြို့နယ် ခိုးဝင်ဘင်္ဂလီမိသားစုတစ်စုအား ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၀

 

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ပြင်ဖြူချောင်းအနီးတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ခိုးဝင်လာသည့် ဘင်္ဂလီမိသားစုတစ်စုအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

မောင်တောမြို့နယ်ရှိ နယ်စပ်ခြံစည်းရိုးတစ်လျှောက်၌ တာဝန်ရှိသူများ လှည့်ကင်းဆောင်ရွက်နေစဉ် တစ်ဖက် နိုင်ငံမှ ခိုးဝင်လာသည့် အဒူဟောက် (၃၁) နှစ်၊ ဇနီးဖြစ်သူ ဆော်လေမာ (၃၀) နှစ်၊ အသက် (၃) နှစ်အရွယ် သမီးတစ်ဦးနှင့် အသက် (၂) နှစ်အရွယ် သားတစ်ဦးတို့ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး၊ ဖမ်းဆီးရမိသူများကို ဥပဒေနှင့်အညီအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post