• Follow Us on
Latest News

Home မောင်တောမြို့နယ် တောင်ပြိုလက်ဝဲပြန်လည်လက်ခံရေးစခန်းသို့ သံတမန်များ သွားရောက်ကြည့်ရှု

မောင်တောမြို့နယ် တောင်ပြိုလက်ဝဲပြန်လည်လက်ခံရေးစခန်းသို့ သံတမန်များ သွားရောက်ကြည့်ရှု

Share this post

နေပြည်တော်၊ သြဂုတ် ၄

 

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂)၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်သည့်  ရန်ကုန်မြို့ အခြေစိုက်သံရုံးများမှ သံရုံးအကြီးအကဲများနှင့် သံတမန်များသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာလ ၂ ရက် နံနက်ပိုင်းတွင် စစ်တွေမြို့မှ တပ်မတော်ရဟတ်ယာဉ်များဖြင့် ထွက်ခွာကြပြီး မောင် တောမြို့နယ် တောင်ပြိုလက်ဝဲပြန်လည်လက်ခံရေးစခန်းသို့ ရောက်ရှိခဲ့ကြသည်။

 

ထို့နောက် စခန်းတာဝန်ခံနှင့် တာဝန်ရှိသူများမှ စခန်းအတွင်း ပြန်လည်လက်ခံနိုင်ရေး စီမံဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပြန်လည်လက်ခံရေး ဆောင်ရွက်မည့်လုပ်ငန်းစဉ် အဆင့်ဆင့်ကို ရှင်းလင်းပြသရာ ပြည် ထောင်စုဝန်ကြီးနှင့် အဖွဲ့က လိုအပ်သည်များ ဖြည့်စွက်မှာကြားကာ စခန်းအတွင်း လှည့်လည်ကြည့်ရှုကြသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြန်လည်ဝင်ရောက်လာမည့် နေရပ်စွန့်ခွာသူများအား ပြန် လည်နေရာချထားမည့် ကြိမ်ချောင်း(တောင်) ကျေးရွာသို့ ဆက်လက်ထွက်ခွာခဲ့ကြပြီး ကြိမ်ချောင်း(တောင်) ကျေးရွာရှိ နေရပ်စွန့်ခွာသူများအတွက် စီမံဆောင်ရွက်ထားသည့် အသင့်ဆောက်လုပ်ပြီး နေအိမ်များနှင့် မြေ ကွက်များကို လေ့လာကြည့်ရှုကြသည်။

 

ယင်းနောက် ဆက်လက်ထွက်ခွာကြရာ လှဖိုးခေါင် ယာယီနေရာချထားရေးစခန်းသို့ ရောက်ရှိကြပြီး  ပြန် လည်ဝင်ရောက်လာမည့်သူများအား လှဖိုးခေါင် ယာယီနေရာချထားရေး စခန်းတွင် ခေတ္တနေထိုင်နိုင်ရေး အတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းပြောကြားခဲ့ပြီး စခန်းအတွင်း ပြန်လည်လက်ခံရေး ဆောင်ရွက်မည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို လိုက်လံကြည့်ရှုကြသည်။

 

#PeopleMedia


Share this post