မောင်တောမြို့ရှိ အိမ်ထောင်စု ၂၀၁၉ စုတို့အတွက် အိမ်ထောင်စု ၁ စုလျှင် ဆန်အိတ် ၁ အိတ် ထောက်ပံ့ ပေးအပ်
PUBLISHED - June 24, 2024
နေပြည်တော်၊ ဇွန် ၂၄
ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ ရပ်ကွက်များတွင် နေထိုင်လျက်ရှိသော ဒေသခံပြည်သူများ အိမ်ထောင်စု ဝင်များ စားရေးအထောက်အကူဖြစ်စေရန်အတွက် တာဝန်ရှိသူများက ဇွန် ၂၂ ရက်တွင် မောင်တောမြို့ရှိ ရပ်ကွက်နေဒေသခံပြည်သူများထံ ဆန်အိတ်များကို လက်ဝယ်အရောက် ထောက်ပံ့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မောင်တောမြို့၊ ရပ်ကွက်(၁)ရှိ အိမ်ထောင်စု ၁၉၀ စု၊ ရပ်ကွက် (၂)ရှိ အိမ်ထောင်စု ၆၁၃ စု၊ ရပ်ကွက်(၃)ရှိ အိမ်ထောင်စု ၁၀၄ စု၊ ရပ်ကွက်(၄)ရှိ အိမ်ထောင်စု ၁၈၇ စု၊ ကညင်တန်း ရပ်ကွက်ရှိ အိမ်ထောင်စု ၆၀၆ စုနှင့် မောင်နီရပ်ကွက်ရှိ အိမ်ထောင်စု ၃၁၉ စု၊ စုစုပေါင်း အိမ်ထောင်စု ၂၀၁၉ စုတို့အတွက် အိမ်ထောင်စု ၁ စုလျှင် ဆန်အိတ် ၁ အိတ်နှုန်းဖြင့် ဆန်အိမ်ပေါင်း ၂၀၁၉ အိတ် ထောက်ပံ့ပေး အပ်နိုင်ခဲ့ကြောင်း သိရသည်။
#PeopleMedia