• Follow Us on

Home မောင်တောမြို့ ပန်းတောပြင်ကျေးရွာအဝင် ချောင်းကူးတံတားအနီးတွင် လူ ၂ ဦး ရေနစ်သေဆုံး

မောင်တောမြို့ ပန်းတောပြင်ကျေးရွာအဝင် ချောင်းကူးတံတားအနီးတွင် လူ ၂ ဦး ရေနစ်သေဆုံး

Share this post

နေပြည်တော်၊ စက်တင်ဘာ ၆

 

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၊ ပန်းတောပြင်ကျေးရွာအုပ်စု၊ ပန်းတောပြင်ကျေးရွာအဝင် ချောင်းကူးတံတားအနီးတွင် စက်တင်ဘာ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က လူ ၂ ဦး ရေနစ်သေဆုံးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့က သိရသည်။

 

မောင်တောခရိုင်၊ မောင်တောမြို့၊ ပန်းတောပြင်ကျေးရွာအုပ်စု၊ ပန်းတောပြင်ကျေးရွာအဝင် ချောင်းကူးတံတား အနီးတွင် လူ (၂) ဦး ရေနစ်နေကြောင်းသတင်းရရှိသဖြင့် မောင်တောခရိုင်မီးသတ်စခန်းမှ မီးသတ်ယာဉ် (၁)စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ ညနေ ၄ နာရီ ၃၀ မိနစ်အချိန်တွင် အမျိုးသား(ငယ်) ၁ ဦး သေဆုံးနှင့် အမျိုးသမီးကြီး ၁ ဦး သေဆုံးတို့အား ရှာဖွေတွေ့ရှိခဲ့ပြီး ဂရုဏာကွန်ရက် ပရဟိတအသင်းမှ သူနာတင်ယာဉ်ဖြင့် မောင်တောပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ ကြောင်း သိရသည်။

 

#PeopleMedia


Share this post