မောင်းသူပါဂျက်တိုက်လေယာဉ်နဲ့ မောင်းသူမဲ့လေယာဉ် ပူးတွဲပြီး ဝေဟင်ဆီဖြည့်လုပ်ငန်းဆောင်ရွက်မှု ဘိုးရင်း ကုမ္ပဏီ သရုပ်ပြ
PUBLISHED - May 3, 2024
နိုင်ငံတကာ၊ မေ ၃
F/A-18 Super Hornet ဂျက်တိုက်လေယာဉ်နဲ့ MQ-25 Stingray မောင်းသူမဲ့လေယာဉ်တို့ တွဲဖက်ပြီး ဝေဟင် ဆီဖြည့်လုပ်ငန်းပူးတွဲဆောင်ရွက်ခြင်းကို ဘိုးရင်းကုမ္ပဏီက သရုပ်ပြခဲ့ပါတယ်။
အဆင့်မြှင့်တင်ထားတဲ့ ဘိုးရင်းကုမ္ပဏီရဲ့ဆော့ဖ်ဝဲအကူအညီနဲ့ ဂျက်တိုက်လေယာဉ်က လေသူရဲဟာ ပထမဦး ဆုံးအကြိမ်အဖြစ် လက်ရှိအသုံးပြုနေတဲ့ ဆက်သွယ်ရေးလင့်တွေကို အသုံးပြုပြီး ဂျက်တိုက်လေယာဉ်ထဲကို ဆီ ဖြည့်ဖို့ MQ-25 Stingray ဒရုန်းကို အမိန့်ပေးစေခိုင်းခဲ့ပါတယ်။
ကနဦးကဆောင်ရွက်ခဲ့တဲ့ ဝေဟင်ဆီဖြည့်လုပ်ငန်းတွေကို လေယာဉ်တင်သင်္ဘောတွေပေါ်မှာ ထိုင်နေတဲ့ လေ သူရဲတွေကို ထိန်းချုပ်ခဲ့ကြတာဖြစ်ပါတယ်။
“ပုံမှန်အားဖြင့်တော့ MQ-25 မောင်းသူမဲ့လေယာဉ်ကို လေယာဉ်တင်သင်္ဘောပေါ်မှာရှိတဲ့ လေသူရဲတွေဆီက ညွှန်ကြားချက်အတိုင်းလုပ်ဆောင်ဖို့ ဒီဇိုင်းရေးဆွဲတည်ဆောက်ထားတာဖြစ်ပါတယ်။” လို့ F/A-18 ဂျက်တိုက် လေယာဉ်ထုတ်လုပ်ရေးခေါင်းဆောင် အဲလက်ယူဝင်းက ပြောပါတယ်။
“ဒီဆော့ဖ်ဝဲအသစ်က ဒုတိယနည်းလမ်းတစ်ခုကို ရွေးချယ်ဖို့ ခွင့်ပြုထားပါတယ်။ အဲဒီနည်းလမ်းကတော့ လေသူ ရဲဟာ လေယာဉ်မောင်းနေစဉ်အတွင်း လေသူရဲထိုင်ခုံကနေ ညွှန်ကြားချက်တွေ ပေးနိုင်တာပဲဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
ဒီဆော့ဖ်ဝဲဟာ လေယာဉ်အမျိုးအစားနှစ်ခုကြားက ဆက်သွယ်ရေးအချိန်တွေကို သိသိသာသာ လျှော့ချပေး ထားသလို တာဝေးပျံသန်းနေစဉ် လေယာဉ်ဆီပြန်လည်ဖြည့်တင်းရာမှာ လေသူရဲအနေနဲ့ အထူးတလည် ပြောင်းလွယ်ပြင်လွယ် ဆောင်ရွက်နိုင်တယ်လို့ ဆိုပါတယ်။
လက်ရှိစမ်းသပ်မှုဟာ အနာဂတ်ကာလမှာ F/A-18 Block II ဂျက်တိုက်လေယာဉ်ရော F/A-18 Block III Super Hornet ဂျက်တိုက်လေယာဉ်တွေပါ အခုလို မောင်းသူမဲ့လေယာဉ်နဲ့ ဝေဟင်ဆီဖြည့်လုပ်ငန်းမှာ ပေါင်း စပ်ဆောင်ရွက်နိုင်အောင် လမ်းခင်းပေးလိုက်တာဖြစ်ပါတယ်။
“အခုသရုပ်ပြသမှုတွေရဲ့ ရည်ရွယ်ချက်က မောင်းသူပါလေယာဉ်နဲ့ မောင်းသူမဲ့လေယာဉ်တွေ ပူးတွဲဆောင်ရွက် တဲ့ ဝေဟင်ဆီဖြည့်လုပ်ငန်းကို တတ်နိုင်သမျှ စောစောဆောင်ရွက်နိုင်ဖို့ပါ။” လို့ အဆင့်မြင့် MQ-25 မောင်းသူမဲ့ လေယာဉ်စီမံချက်ဒါရိုက်တာဂျူယန်ကက်ဟေးရိုက်က ပြောပါတယ်။
Ref: Boeing Demos Virtual Manned-Unmanned Aerial Refueling
#PeopleMedia