• Follow Us on

Home မောင်းသူမဲ့တိုက်ရေယာဉ် အများအပြားဝယ်ယူဖို့ ထိုင်ဝမ်တပ်မတော် စဉ်းစားနေ

မောင်းသူမဲ့တိုက်ရေယာဉ် အများအပြားဝယ်ယူဖို့ ထိုင်ဝမ်တပ်မတော် စဉ်းစားနေ

Share this post

နိုင်ငံတကာ၊ မတ် ၁၃

 

တရုတ်နိုင်ငံက ကျူးကျော်တိုက်ခိုက်လာရင် ပြန်လည်ခုခံတိုက်ခိုက်ဖို့အတွက် ပြင်ဆင်တဲ့အနေနဲ့ မောင်းသူမဲ့ တိုက်ရေယာဉ်အများအပြား ဝယ်ယူသွားဖို့ ထိုင်ဝမ်တပ်မတော်က စဉ်းစားနေကြောင်း The Defense Post မှာ ရေးသားဖော်ပြထားပါတယ်။

 

ချန်းရှန်း သိပ္ပံနဲ့ နည်းပညာအင်စတီကျုက ဒီဇိုင်းရေးဆွဲထုတ်လုပ်ထားတဲ့ အဲဒီမောင်းသူမဲ့ တိုက်ရေယာဉ်မှာ ဆိုနာ၊ ရေဒါနဲ့ တိုက်ခိုက်ရေးလက်နက်တွေ တပ်ဆင်ထားတယ်လို့ ဆိုပါတယ်။

 

အဲဒီမောင်းသူမဲ့ တိုက်ရေယာဉ်တွေကို ကမ်းရိုးတန်းလုံခြုံရေးအတွက် အသုံးပြုနိုင်သလို ရန်သူ့ရငုပ်သင်္ဘော တွေနဲ့ ရေအောက်မိုင်းတွေ စုံစမ်းထောက်လှမ်းရာမှာလည်း အသုံးပြုနိုင်ပါတယ်။

 

အဲဒီဒရုန်းတိုက်ရေယာဉ်တွေဟာ ထိုင်ဝမ်ကျွန်းကို ချဉ်းကပ်လာမယ့် တရုတ်စစ်သင်္ဘောတွေကို တန်ပြန်တိုက် ခိုက်နိုင်သလို ဟန့်တားထားနိုင်တယ်လို့ ထိုင်ဝမ်တပ်မတော်က ယုံကြည်ထားကြောင်း ကာကွယ်ရေးဝန်ကြီးဌာ န အရာရှိတစ်ဦးက Taipei Times ကို ပြောပါတယ်။

 

အဲဒီဒရုန်းတိုက်ရေယာဉ်တွေရဲ့ စစ်ဆင်ရေးဆောင်ရွက်နိုင်တဲ့အကွာအဝေး အကန့်အသတ်ရှိနေတာကြောင့် အဲဒီပင်လယ်ဒရုန်းတွေကို ပြန်လည်အဆင့်မြှင့်တင်ဖို့ဖြစ်စေ စစ်ပွဲဖြစ်ပွားလာတဲ့အချိန်မှာ စစ်သင်္ဘောအကြီး စားတွေပေါ်တင်ဆောင်ပြီး လိုအပ်တဲ့နေရာရောက်မှ ရေချအသုံးပြုဖို့ ဖြစ်စေ စဉ်းစားနေတယ်လို့ဆိုပါတယ်။

 

၂၀၂၆ ခုနှစ်မှာ ဒရုန်းတိုက်ရေယာဉ်တွေကို အများအပြားထုတ်လုပ်တဲ့အချိန်မှာ အစီးရေ ၂၀၀ ဝန်းကျင် ဝယ်ယူ သွားဖို့ စီစဉ်ထားပါတယ်။

 

ယူကရိန်းစစ်ပွဲအခြေအနေကို အနီးကပ်စောင့်ကြည့်လေ့လာပြီးမှ အခုလို မောင်းသူမဲ့တိုက်ရေယာဉ်တွေကို ဝယ် ယူဖို့ စဉ်းစားခဲ့တာဖြစ်နိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။

 

အလွန်အင်အားကောင်းတဲ့ ရုရှားတပ်တွေရဲ့ တိုက်ခိုက်မှုကို ကာကွယ်ဖို့အတွက် မောင်းသူမဲ့ လေယာဉ်/ရေ ယာဉ်တွေကို တီထွင်အသုံးပြုခဲ့တဲ့ ယူကရိန်းနိုင်ငံထံကနေ ထိုင်ဝမ်က လေ့လာသင်ယူနေတာဖြစ်တယ်လို့ဆို ပါတယ်။

 

ပြီးခဲ့တဲ့သီတင်းပတ်အတွင်းက ယူကရိန်းမောင်းသူမဲ့တိုက်ရေယာဉ်တစ်စီးက ရုှရှားကင်းလှည့်ရေယာဉ်တစ်စီးကို တိုက်ခိုက်ခဲ့ရာ ရုရှားတပ်ဖွဲ့ဝင် ၇ ဦးကျဆုံးပြီး ၆ ဦးကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

 

Ref: Taiwan Military Mulls Buying Hundreds of Armed Sea Drones: Report

 

#PeopleMedia


Share this post