• Follow Us on
Latest News

Home မောင်းသူမဲ့သုတေသနလေယာဉ်အဖြစ် ပြောင်းလဲတည်ဆောက်ရန် အမေရိကန်လေတပ်က F-16 ဂျက်တိုက် လေယာဉ် ၃ စင်း ရွေးချယ်

မောင်းသူမဲ့သုတေသနလေယာဉ်အဖြစ် ပြောင်းလဲတည်ဆောက်ရန် အမေရိကန်လေတပ်က F-16 ဂျက်တိုက် လေယာဉ် ၃ စင်း ရွေးချယ်

Share this post

နိုင်ငံတကာ၊ ဧပြီ ၅

 

အမေရိကန်လေတပ်ဟာ ၎င်းတို့ရဲ့ မောင်းသူမဲ့လေယာဉ်စမ်းသပ်မှုစီမံချက်အတွက် F-16 Fighting Falcon ဂျက်တိုက်လေယာဉ် ၃ စင်းကို ရွေးချယ်လိုက်ပါတယ်။

 

အနာဂတ်မျိုးဆက်သစ်မောင်းသူမဲ့လေယာဉ်ပျံသန်းရေးစမ်းသပ်မှုအစီအစဉ်  (VENOM-AFT) က ဂျက်တိုက် လေယာဉ်တွေနဲ့ မောင်းသူမဲ့လေယာဉ်တွေကြားက အလိုအလျောက်ဆောင်ရွက်နိုင်တဲ့ ဆော့ဖ်ဝဲလ်စွမ်းရည် တွေကို အဆင့်မြှင့်တင်ဖို့ ကြိုးပမ်းနေတာဖြစ်တယ်လု့ိ ဆိုပါတယ်။

 

အမှတ် ၉၆ စမ်းသပ်ပျံသန်းမှုလေယာဉ်အုပ်နဲ့ အမှတ် ၅၃ လေယာဉ်အုပ်တို့က လက်ခံရရှိထားတဲ့ အဲဒီ F-16 ဂျက်တိုက်လေယာဉ် ၃ စင်းကို လေတပ်အတွင်း မောင်းသူမဲ့လေယာဉ်သုတေသနလုပ်ငန်းအတွက် အထောက် အကူပြုနိုင်ဖို့ အဆင့်မြှင့်တင် အသွင်ပြောင်းသွားမှာဖြစ်ပါတယ်။

 

အဲဒီလေယာဉ်တွေဟာ ပင်တဂွန်စစ်ဌာနချုပ်ရဲ့ ပူးတွဲတိုက်ပွဲဝင်လေယာဉ်စီမံချက်နဲ့ မောင်းသူမဲ့လေယာဉ်ထုတ် လုပ်တဲ့ မိတ်ဖက်အဖွဲ့အစည်းတွေအတွက် သတင်းအချက်အလက်တွေ ပေါင်းစပ်ညှိနှိုင်းပေးနိုင်ဖို့အတွက် ဖ လော်ရီဒါမှာရှိတဲ့ အဂ္ဂလင်းလေတပ်အခြေစိုက်စခန်းမှာ AI နည်းပညာတွေနဲ့ မောင်းသူမဲ့စမ်းသပ်မှုတွေကို ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။

 

F-16 နဲ့ F-15 ဂျက်တိုက်လေယာဉ်တွေ စမ်းသပ်မှုတွေနဲ့အတူ အမှတ် ၈၅ စမ်းသပ်မှုနဲ့ ဆန်းစစ်အကဲဖြတ်မှု လေယာဉ်အုပ်နဲ့ အမှတ် ၄၀ ပျံသန်းမှုစမ်းသပ်ရေးလေယာဉ်အုပ်တို့ရဲ့ ကြီးကြပ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ စစ်ဆင် ရေးဆိုင်ရာ ဆန်းစစ်လေ့လာမှုတွေကို VENOM-AFT က ပေါင်းစပ်ထည့်သွင်းသွားမှာဖြစ်ပါတယ်။

 

မောင်းသူမဲ့လေယာဉ်လှုပ်ရှားမှုတွေ၊ စစ်ဆင်ရေးစနစ်တွေနဲ့ ပျံသန်းမှု စွမ်းရည်တွေအတွက် စမ်းသပ်ရာမှာ F-16 testbed လေသူရဲအခန်းထဲမှာ လေသူရဲတွေ ပါဝင်ဆာင်ရွက်သွားဦးမှာဖြစ်တယ်လို့ ဆိုပါတယ်။

 

“အခုလို စမ်းသပ်မှုမျိုးမှာ လူသားမပါဘဲ အလိုအလျောက်ဆောင်ရွက်တယ်ဆိုတာက မောင်းသူမဲ့လေယာဉ်ရဲ့ တကယ့်ပျံသန်းမှုနဲ့ ထိန်းသိမ်းမှုတွေမှာ လေသူရဲတစ်ဦးပါဝင်ပတ်သက်နေတယ်လို့ အဓိပ္ပာယ်ထွက်တယ်ဆို တာကို နားလည်ဖို့ အရေးကြီးပါတယ်။” လို့ အမှတ် ၈၅ စမ်းသပ်မှုနဲ့ ဆန်းစစ်အကဲဖြတ်မှု လေယာဉ်အုပ်ရဲ့ တပ်မှူး ဒုတိယဗိုလ်မှူးကြီး ဂျိုးဂက်နန်က ပြောပါတယ်။

 

Ref: US Air Force to Transform F-16s into Autonomous Flight Testbeds

 

#PeopleMedia


Share this post