• Follow Us on

Home မော်စကိုဒေသမှာ ယူကရိန်းဒရုန်း ၃၄ စင်းကို ရုရှားလေကာတပ်ဖွဲ့က ပစ်ချ

မော်စကိုဒေသမှာ ယူကရိန်းဒရုန်း ၃၄ စင်းကို ရုရှားလေကာတပ်ဖွဲ့က ပစ်ချ

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၁၁

 

ရုရှား-ယူကရိန်း စစ်ပွဲစတင်ဖြစ်ပွားတဲ့ ၂၀၂၂ ခုနှစ်ကတည်းက ယူကရိန်းဘက်က အကြီးမားဆုံး ဒရုန်းတိုက် ခိုက်မှုအဖြစ် နိုဝင်ဘာ ၁၀ ရက်နေ့ (တနင်္ဂနွေနေ့) က မော်စကိုဒေသကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာ ယူကရိန်း ဒရုန်း ၃၄ စင်းကို ရုရှားဘက်က ပစ်ချနိုင်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။

 

ယူကရိန်း ဒရုန်းတိုက်ခိုက်မှုကြောင့် မော်စကိုက လေဆိပ် ၃ ခုကို ယာယီပိတ်ခဲ့ရပြီး အသက် ၅၂ အရွယ်အမျိုး သမီးတစ်ဦး ဒဏ်ရာရရှိကာ မော်စကိုဒေသရှိ စတာနိုဗိုရီကျေးရွာက နေအိမ် ၂ လုံး မီးလောင်ကျွမ်းခဲ့ကြောင်း ရုရှားအာဏာပိုင်တွေက ပြောပါတယ်။

 

ယူကရိန်းမြို့တော် ကိယက်ဗ်မြို့ကို ရုရှားဘက်က ဒရုန်းတွေနဲ့ ဒုံးကျည်တွေအသုံးပြုပြီး ပုံမှန်တိုက်ခိုက်နေပေမဲ့ ယူကရိန်းဘက်က ရုရှားမြို့တော် မော်စကိုကို တိုက်ခိုက်မှုကတော့ အကြိမ်ရေနည်းပါးတယ်လို့ဆိုပါတယ်။

 

ဒေသခြောက်ခုအတွင်း ဂရင်းနစ်စံတော်ချိန် မနက် ၄ နာရီနဲ့ ၇ နာရီကြားမှာ စုစုပေါင်း ယူကရိန်းဒရုန်းအစင်းရေ ၇၀ ကို ရုရှညားလေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ချနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန က ပြောပါတယ်။

 

ဒရုန်းအစင်းရေ ၇၀ အနက် ၃၄ စင်းက မော်စကိုဒေသမှာ ပစ်ချခဲ့တာဖြစ်ပြီး ကျန်တဲ့ဒရုန်းတွေကတော့ ဘရီး ယာ့စ်ခ်၊ အော်လာ့ဗ်၊ ကလူဂါ၊ တူလာနဲ့ ကာ့စ်ခ် ဒေသတွေမှာ ပစ်ချခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

 

မော်စကိုဒေသမှာတော့ ရာမန်စကိုရီမြို့၊ ကိုလမ်နာမြို့နဲ့ ဒိုးမတ်ဂျပ်ဒက်ဘာခရိုင်တို့မှာ ကျန်တဲ့ဒရုန်းတွေကို ပစ်ချခဲ့တာဖြစ်ကြောင်း ဒေသခံအရာရှိတွေက ပြောပါတယ်။

 

စက်တင်ဘာလအတွင်း မော်စကိုအနီးမှာ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့စဉ်က စစ်ပွဲစတင်ကတည်းက ယူကရိန်း ဒရုန်းတိုက်ခိုက်မှုမှာ ပထမဦးဆုံးအကြိမ်အဖြစ် ရာမန်စကိုရီမြို့က အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။

 

၂၀၂၃ မေလတုန်းက ကရင်မလင်နန်းတော်အနီးမှာ ယူကရိန်းဒရုန်း ၂ စင်းကို ပစ်ချနိုင်ခဲ့သလို အဲဒီနှစ်အတွင်း မှာပဲ မော်စကိုမြို့စီးပွားရေးခရိုင်အတွင်းကို ဒရုန်းတွေနဲ့ လေးငါးကြိမ် တိုက်ခိုက်ခဲ့ပါတယ်။

 

အခု တစ်ကြိမ်ဒရုန်းတိုက်ခိုက်မှုဟာ အလွန်ပြင်းထန်တဲ့တိုက်ခိုက်မှုဖြစ်ကြောင်း မော်စကိုဒေသအုပ်ချုပ်ရေးမှူး အန်ဒရီဗိုရော့ယက်ဗ်က တနင်္ဂနွေနေ့က ပြောပါတယ်။

 

ဒဏ်ရာရတဲ့အမျိုးသမီးဟာ မျက်နှာ၊ လည်ပင်းနဲ့ လက်တွေမှာ မီးလောင်ဒဏ်ရာတွေ ပြင်းထန်စွာရရှိထားပြီး ဆေးရုံတင်ပို့ထားကြောင်း ၎င်းက ပြောပါတယ်။

 

Ref: Russia Downs 34 Drones in Biggest Ukrainian Attack on Moscow

 

#PeopleMedia


Share this post