မော်စကိုမြောက်ပိုင်းမှာ ဝဂ္ဂနာအုပ်စုလေယာဉ်ပျက်ကျရာ ပရီဂိုဇင်သေဆုံးသွားပြီဟု ယူဆရ၊ ဝေဟင်-မြေပြင် ပစ်ဒုံးကျည်နဲ့ အပစ်ခံလိုက်ရတယ်လို့ နိုင်ငံခြားသတင်းဌာနတချို့ရေးသား

PUBLISHED - August 24, 2023
နိုင်ငံတကာ၊ သြဂုတ် ၂၄
ဝဂ္ဂနာကြေးစားတပ်ဖွဲ့ကပိုင်ဆိုင်တဲ့ ဂျက်လေယာဉ်တစ်စင်းဟာ မော်စကိုကနေ စိန့်ပီတာစဘတ်ကိုသွားတဲ့လမ်း ခရီးမှာ ပျက်ကျခဲ့ပြီး အဲဒီလေယာဉ်ပေါ်မှာပါသွားတဲ့ ၁၀ ဦးထဲမှာ ဝဂ္ဂနာကြေးစားတပ်ဖွဲ့ခေါင်းဆောင်ယက်ဂီနီ ပရီ ဂိုဇင်ပါ ပါဝင်ကြောင်း ရုရှားအရာရှိတွေက ပြောပါတယ်။
“Embraer Legacy ပုဂ္ဂလိကပိုင်ဂျက်လေယာဉ်တစ်စင်းဟာ တီဗာဒေသက လူနေထူထပ်တဲ့ ကူဇန်ကီနိုမြို့ အ ပြင်ဘက်မှာ ပျက်ကျခဲ့ပါတယ်။ လေယာဉ်ပေါ်မှာ လေယာဉ်အမှုထမ်းသုံးဦးအပါအဝင် ဆယ်ဦးလိုက်ပါသွားပါ တယ်။ ကနဦးသတင်းတွေအရ လေယာဉ်ပေါ်ပါသွားတဲ့သူအားလုံး သေဆုံးသွားတယ်လို့ သိရပါတယ်။” လို့ အ ရေးပေါ်ဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲရဲ့ သြဂုတ်လ ၂၃ ရက်နေ့ ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။
“ခရီးသည်စာရင်းတွေအရတော့ ယက်ဂီနီပရီဂိုဇင်ရဲ့ အမည်စာရင်းကို တွေ့ရပါတယ်။ ဒါပေမဲ့ ပရီဂိုဇင်လေ ယာဉ်ပေါ်မှာ အမှန်တကယ် ပါသွားတာ ဟုတ်မဟုတ်ကိုတော့ အတည်မပြုနိုင်သေးပါဘူး။” လို့ ရုရှားလေ ကြောင်းပို့ ဆောင်ရေးဖက်ဒရယ်အေဂျင်စီ (Rosaviatsiya) က ပြောပါတယ်။
ပရီဂိုဇင်နဲ့ ဝဂ္ဂနာအုပ်စုစစ်ခေါင်းဆောင် ဒီမီထရီအတ်ကင်တို့ နှစ်ဦးဟာ ခရီးသည်ခုနစ်ဦးအမည်စာရင်းထဲမှာပါ ဝင်ကြောင်း လေကြောင်းအာဏာပိုင်တွေက လေယာဉ်လိုင်းစာရင်းကိုကိုးကားပြီး ပြောပါတယ်။
လေယာဉ်မှူး နှစ်ဦးနဲ့ လေယာဉ်အကူတစ်ဦးလည်း လေယာဉ်ပေါ်မှာပါသွားကြောင်း ၎င်းတို့က ပြောပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပြီဖြစ်ပြီး အခင်းဖြစ်နေရာမှာ စတင်ဆောင်ရွက်နေပြီဖြစ် ကြောင်း၊ အပျက်အစီးတွေကိုလည်း ကောက်ယူသိမ်းဆည်းနေပြီဖြစ်ကြောင်း ရုရှားလေကြောင်းပို့ ဆောင်ရေး ဖက်ဒရယ်အေဂျင်စီက ပြောပါတယ်။
ဝဂ္ဂနာအုပ်စုခေါင်းဆောင်တွေဖြစ်တဲ့ ပရီဂိုဇင်နဲ့ ဒီမီထရီအတ်ကင်တို့နှစ်ဦး သေဆုံးသွားပြီဆိုတာနဲ့ပတ်သက်ပြီး ရုရှားအစိုးရနဲ့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တရားဝင်အတည်ပြုချက်တွေထွက်ပေါ်မလာသေးပေမဲ့ ဝဂ္ဂနာအုပ်စု နဲ့ ဆက်နွယ်နေတဲ့တယ်လီဂရမ်ချယ်နယ်မှာတော့ ပရီဂိုဇင်သေဆုံးသွားပြီဖြစ်ကြောင်းကြေညာထားပါတယ်။
ပရီဂိုဇင်ဟာ သူရဲကောင်းမျိုးချစ်တစ်ဦးဖြစ်ပြီး ရုရှားနိုင်ငံတော်ကြီးကို သစ္စာဖောက်တဲ့ အမည်မသိတဲ့လူတွေရဲ့ လက်ထဲမှာ သေဆုံးသွားပြီဖြစ်ကြောင်း ဝဂ္ဂနာအုပ်စုရဲ့ ဂရေးဇုံချယ်နယ်မှာဖော်ပြထားပါတယ်။
လေယာဉ်ပျက်ကျမှုမှာ ပရီဂိုဇင်သေဆုံးသွားနိုင်ဖွယ်ရာရှိတယ်ဆိုတဲ့သတင်းကို ၎င်းအနေနဲ့ အထူးတလည်အံ့ သြခြင်းမရှိကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ပြောပါတယ်။
“အမှန်တကယ်ဘာတွေဖြစ်ခဲ့လဲ ကျွန်တော်မသိပါဘူး။ ဒါပေမဲ့ ကျွန်တော်မအံ့သြပါဘူး။ ဗလာဒီမာပူတင်နောက် ကွယ်ကမပါတဲ့အဖြစ်အပျက်တွေဆိုတာ ရုရှားမှာ သိပ်မရှိပါဘူး။ ဒါပေမဲ့ အဲဒီအဖြစ်အပျက်တွေရဲ့အဖြေကိုတော့ ကျွန်တော်လည်း မသိဘူး။” လို့ ၎င်းက ပြောပါတယ်။
လေယာဉ်ပျက်ထဲမှာတော့ အလောင်း ၈ လောင်းရှာဖွေတွေ့ရှိခဲ့ကြောင်း အရေးပေါ်ဌာနအရာရှိတွေကို ကိုးကား ပြီး ရုရှားအစိုးရပိုင် RIA Novosti သတင်းဌာနကကြေညာခဲ့ပေမဲ့ အဲဒီအလောင်းတွေဟာ ဘယ်သူ့အလောင်း တွေလဲဆိုတာကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။
နိုင်ငံခြားသတင်းဌာနတချို့ကတော့ ဝဂ္ဂနာအုပ်စုရဲ့လေယာဉ်ဟာ မြေပြင်-ဝေဟင်ပစ်ဒုံးကျည်နဲ့ အပစ်ခံလိုက်ရ တာလို့ ရေးသားထားပါတယ်။
Ref: Prigozhin Presumed Dead After Wagner Plane Crashes With No Survivors North Of Moscow and Wagner Group leader allegedly killed by surface-to-air missile
#PeopleMedia