မော်စကို ဇတ်ရုံ အကြမ်းဖက်တိုက်ခိုက်မှု သေဆုံးသူ ၁၃၇ ဦးအထိ တိုးမြင့်လာ
PUBLISHED - March 25, 2024
နိုင်ငံတကာ၊ မတ် ၂၅
မော်စကိုမြို့ တေးဂီတဖျော်ဖြေပွဲဇာတ်ရုံမှာ သောကြာနေ့ (မတ်လ ၂၂ ရက်နေ့) က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တဲ့ဦးရေဟာ ကလေးသူငယ်တွေအပါအဝင် ၁၃၇ ဦးရှိသွားပြီဖြစ်ကြောင်း ရုရှား စုံစမ်းစစ်ဆေးရေးကော်မတီက တနင်္ဂနွေနေ့က ပြောကြားလိုက်ပါတယ်။
ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေကတော့ အပျက်အစီးပုံတွေအောက်မှာ ဒဏ်ရာရသူတွေနဲ့ သေဆုံးသူတွေကို ဆက်လက်ရှာဖွေနေဆဲဖြစ်ပါတယ်။
အခုအချိန်အထိ အကြမ်းဖက်သမားလို့ သံသယရှိသူ ၁၁ ဦးကို ဖမ်းဆီးရရှိထားတယ်လို့ ရုရှားသမ္မတဗလာဒီမာ ပူတင်ကို တာဝန်ရှိသူတွေက သတင်းပို့ထားပါတယ်။
သောကြာနေ့က အကြမ်းဖက်တိုက်ခိုက်မှုဟာ ၎င်းတို့လုပ်ရပ်ဖြစ်ကြောင်း အိုင်အက်စ်အဖွဲ့က အဲဒီနေ့ ညပိုင်းမှာ ကြေညာခဲ့သလို အကြမ်းဖက်သမားတွေကလည်း အဲဒီဇာတ်ရုံကို မီးတင်ရှို့ခဲ့ပါတယ်။ သေဆုံးသူဦးရေ ၁၃၇ ဦးအထိ မြင့်တက်လာခဲ့ပြီး အဲဒီအထဲက ၃ ဦးဟာ ကလေးသူငယ်တွေဖြစ်ကြောင်း ရုရှား အာဏာပိုင်တွေက တနင်္ဂနွေနေ့က ပြောပါတယ်။
ဒဏ်ရာရတဲ့အထဲက ၁၂၁ ဦးကတော့ ဆေးရုံမှာပဲရှိနေသေးကြောင်း ဒေသအာဏာပိုင်တွေက ပြောပါတယ်။
အခင်းဖြစ်ပွားတဲ့နေရာမှာ ကလက်ရှ်နီကော့ဗ်ချေမှုန်းရေးရိုင်ဖယ် ၂ လက်၊ ကျည် ၅၀၀ ကျော်၊ ကျည်ဘောက် ၂၈ ခု သိမ်းဆည်းမိခဲ့ကြောင်း စုံစမ်းစစ်ဆေးရေးအရာရှိတွေက ပြောပါတယ်။
သေဆုံးသူတွေထဲမှာ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးသူတွေရှိသလို မီးခိုးဆိပ်သင့်ပြီး သေဆုံးသူတွေလည်း ရှိ ကြောင်း ကနဦးစစ်ဆေးချက်တွေအရ သိရပါတယ်။
“အကြမ်းဖက်သမားတွေဟာ လက်နက်ငယ်တွေအသုံးပြုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ပြီးတော့ လောင်စာဆီ တွေအသုံးပြုပြီး ကဇာတ်ရုံကို မီးတင်ရှို့ခဲ့ကြတာကို အနီးတစ်ဝိုက်ကလူတွေနဲ့ ဒဏ်ရာရထားတဲ့သူတွေက တွေ့ မြင်ခဲ့ကြပါတယ်။” လို့ စုံစမ်းစစ်ဆေးရေးကော်မတီက ပြောပါတယ်။
ဒီအကြမ်းဖက်မှုနဲ့ပတ်သက်ပြီး ရုရှားနိုင်ငံက စုံစမ်းနေဆဲဖြစ်တာကြောင့် ၎င်းတို့လက်ချက်ဖြစ်ကြောင်း အိုင် အက်စ်တွေက ဝန်ခံခဲ့တာကို သမ္မတပူတင်က လက်မခံသေးပါဘူး။
အကြမ်းဖက်သမားတွေဟာ ယူကရိန်းနယ်စပ်ကိုဖြတ်ကျော်ဖို့ ကြိုးစားနေတုန်း ဖမ်းဆီးရရှိခဲ့တာဖြစ်တဲ့အတွက် ၎င်းတို့ဟာ ယူကရိန်းနိုင်ငံကအကူအညီတချို့ရရှိခဲ့ဖွယ်ရှိကြောင်း၊ ယူကကရိန်းဟာ ဒီဖြစ်စဉ်မှာ တစ်နည်းနည်း နဲ့ ပါဝင်ပတ်သက်နိုင်ဖွယ်ရှိကြောင်း ဖော်ပြနိုင်ဖို့ ပူတင်က ကြိုးပမ်းနေပါတယ်။
“ကနဦးစုံစမ်းစစ်ဆေးမှုတွေအရ သိရတာကတော့ အဲဒီအကြမ်းဖက်သမားတွေဟာ ယူကရိန်းဘက်က ပြင်ဆင် ပေးထားတဲ့ နယ်စပ်ကို ဖြတ်ကျော်လာတာဖြစ်ပါတယ်။” လို့ ပူတင်က ပြောပါတယ်။
ယူကရိန်းအရာရှိတွေကတော့ ပူတင်ရဲ့ပြောကြားချက်ကို ဒေါသတကြီး ငြင်းဆိုလိုက်ပြီး ယူကရိန်းစစ်ပွဲမှာ ရုရှား ဘက်ကထောက်ခံမှုတွေရရှိလာအောင် ယူကရိန်းကို တလွဲအပြစ်ဖို့ပြီး အခုဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုကို ရုရှားအ စိုးရက အမြတ်ထုတ်လိမ့်မယ်လို့ ပြောပါတယ်။
အိုင်အက်စ်အဖွဲ့က ၎င်းတို့လက်ချက်ဖြစ်ကြောင်း ပြောဆိုနေပေမဲ့လည်း အခုတိုက်ခိုက်မှုရဲ့ နောက်ကွယ်မှာ ယူ ကရိန်းနဲ့ အနောက်နိုင်ငံတွေ ပါဝင်နေကြောင်း ရုရှားထိပ်တန်းခေါင်းဆောင်တွေက တိုက်ရိုက်စွပ်စွဲလိုက်ပြီး နောက် ပူတင်က အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။
အိုင်အက်စ်အဖွဲ့ဟာ မော်စကိုမှာရှိတဲ့ ဇတ်ရုံတွေကို တိုက်ခိုက်ဖို့ ပြင်ဆင်နေတယ်ဆိုတာကို လွန်ခဲ့တဲ့သီတင်း ပတ်နှစ်ပတ်ကပဲ ရုရှားအစိုးရထံ ထောက်လှမ်းရေးသတင်းတွေ မျှဝေပေးခဲ့ကြောင်း အမေရိကန်အစိုးရက ပြော ပါတယ်။
အမေရိကန်ရဲ့ ကာလရှည်ကတည်းက ရှိနေခဲ့တဲ့ “သတိပေးဖို့ တာဝန်ရှိတဲ့မူဝါဒ” နဲ့အညီ ဖြစ်လာနိုင်ဖြေရှိတဲ့ အ ခြေအနေကို ရုရှားအာဏာပိုင်တွေကို သတင်းအချက်အလက်တွေ ပေးပို့ခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိတစ်ဦးက စနေနေ့က ပြောပါတယ်။
Ref: Moscow terror attack: 4 gunmen arrested, death toll rises to 137
#PeopleMedia