• Follow Us on
Latest News

Home မော်လဒီးနိုင်ငံကို မသွားဖို့ အစ္စရေးနိုင်ငံသားတွေကို အစ္စရေးအစိုးရတားမြစ်

မော်လဒီးနိုင်ငံကို မသွားဖို့ အစ္စရေးနိုင်ငံသားတွေကို အစ္စရေးအစိုးရတားမြစ်

Share this post

နိုင်ငံတကာ၊ ဇွန် ၄

 

အစ္စရေးပတ်စ်ပို့ကိုင်ဆောင်ထားတဲ့ခရီးသွားတွေကို နို်င်ငံတွင်း ဝင်ခွင့်မပြုဖို့ မော်လဒီး (မော်လဒိုက်) အစိုးရက ကြေညာလိုက်ပြီးနောက် အစ္စရေးနိုင်ငံသားတွေ မော်လဒီးကို ခရီးမသွားဖို့ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့ (ဇွန်လ ၂ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

အဲဒီအကြံပေးချက်ထဲမှာ အစ္စရေးနိုင်ငံသားတွေတင်မကဘဲ အစ္စရေးနဲ့ တခြားနိုင်ငံသားအဖြစ် နိုင်ငံသားနှစ်ခု ခံ ယူထားသူတွေလည်း အကျုံးဝင်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

 

“အဲဒီနိုင်ငံထဲကို ရောက်နှင့်ပြီးဖြစ်နေတဲ့ အစ္စရေးနိုင်ငံသားတွေကို ပြောချင်တာကလည်း အကြောင်းတစ်ခုခု ကြောင့် အခက်အခဲကြုံလာခဲ့ရင် ကျွန်တော်တို့အနေနဲ့ ကူညီဆောင်ရွက်ပေးဖို့ အခက်အခဲရှိတဲ့တွက် အဲဒီနိုင်ငံ ကနေ ထွက်ခွာသွားကြဖို့ အကြံပေးချင်ပါတယ်။” လို့ ဝန်ကြီးဌာနထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

အစိုးရအဖွဲ့က အကြံပေးပြီးနောက်မှာ မော်လဒီးသမ္မတဒေါက်တာမိုဟာမက်မုအိဇုက အစ္စရေးနိုင်ငံသားတွေကို ပြည်ဝင်ခွင့်ပိတ်ပင်ဖို့ အခုလိုဆုံးဖြတ်ချက်ချလိုက်တာဖြစ်ကြောင်း သမ္မတရုံးထုတ်ပြန်ချက်ထဲမှာဖော်ပြပါတယ်။

 

“အစိုးရအဖွဲ့ရဲ့ဆုံးဖြတ်ချက်ထဲမှာ အစ္စရေးနိုင်ငံသားတွေ မော်လဒီးနိုင်ငံထဲဝင်ရောက်လာတာကို တားမြစ်ဖို့အ တွက် လိုအပ်တဲ့ဥပဒေတွေကို ပြင်ဆင်ဖို့နဲ့ အဲဒီလုပ်ငန်းစဉ်တွေကို ကြီးကြပ်ဖို့အတွက် အစိုးရအဖွဲ့က ကော်မတီ ခွဲတွေ ဖွဲ့စည်းဖို့ ပါဝင်ပါတယ်။” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

 

အခုနှစ် ပထမလေးလအတွင်း မော်လဒီးနိုင်ငံကို ဝင်ရောက်လာတဲ့ အစ္စရေးနိုင်ငံသား ၅၂၈ ဦးသာရှိတဲ့အတွက် ပြီးခဲ့တဲ့နှစ် ကာလတူအချိန်အတွင်း ၄၆၄၄ ဦးရောက်ရှိလာတာနဲ့ နှိုင်းယှဉ်ရင် လျော့ကျသွားတာဖြစ်ကြောင်း မော်လဒီးအစိုးရရဲ့ သတင်းအချက်အလက်တွေအရ သိရပါတယ်။

 

Ref: Israel recommends that its citizens avoid the Maldives

 

#PeopleMedia


Share this post