မော်လမြိုင်တွင် PDF သင်တန်းတက်ရန်လာသည့် အမျိုးသား (၃) ဦးနှင့် အမျိုးသမီး (၁) ဦးကို အမှုဖွင့်

PUBLISHED - May 2, 2024
နေပြည်တော်၊ မေ ၂
မွန်ပြည်နယ်၊ မော်လမြိုင်တွင် PDF သင်တန်းတက်ရန်လာသည့် အမျိုးသား (၃) ဦးနှင့် အမျိုးသမီး (၁) ဦးတို့ကို အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
ဧပြီလ (၁၉) ရက် နေ့လည် (၁) နာရီ (၅၀) မိနစ်အချိန်က မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ ဇင်ယော် ဧည့်ရိပ်သာ တွင် PDF အဖွဲ့ဝင်များ ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးခဲ့ရာ ဇင်ယော်ဧည့်ရိပ်သာ အခန်း နံပါတ်(၁၀၇)၌ ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်နေ ရဲကိုဝိုင်(ခ)ကိုပိုင်၊ မင်းခန့်နိုင်၊ မင်းသူရိန်နှင့် စစ်ကိုင်းမြို့၊ ရွှေသမားရပ်ကွက်နေ မမျိုးသန္တာအေးတို့ကို တွေ့ရှိရသဖြင့် ရဲစခန်းသို့ ခေါ်ယူခဲ့သည်။
ယင်းနောက် အဆိုပါ လေးဦး၏ ထွက်ဆိုချက်အရ ၎င်းတို့သည် PDF အဖွဲ့ဝင် ညီညီဆိုသူနှင့်ဆက်သွယ်ပြီး ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ်၌ PDF သင်တန်းတက်ရောက်ရန် ကျိုက်ထိုမြို့၊ ပိန်နဲကုန်းကျေးရွာအနီး ရာဘာခြံထဲရှိ PDF စခန်းမှ ရောက်ရှိလာခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သတ်ပြီး ရဲကိုပိုင်(ခ)ကိုပိုင်၊ မင်းခန့်နိုင်(ခ)ဟန်မတောင်း၊ မင်းသူရိန်နှင့် မမျိုးသန္တာ အေးတို့ကို (ပ)၃၉/၂၀၂၄၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၂(က) အရ အမှုဖွင့်ကာ စစ်ဆေး ဆောင်ရွက်နေကြောင်း သိရသည်။
#PeopleMedia