• Follow Us on
Latest News

Home မော်လမြိုင်မြို့တွင်ရပ်ထားသည့်ဆိုင်ကယ်ကို ခြောက်ဘီးကားမှဝင်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းသူသေဆုံး

မော်လမြိုင်မြို့တွင်ရပ်ထားသည့်ဆိုင်ကယ်ကို ခြောက်ဘီးကားမှဝင်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းသူသေဆုံး

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၁

 

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ တက္ကသိုလ်ပတ်လမ်းတွင် နိုဝင်ဘာလ ၃၀ ရက်နေ့ ည‌နေ ၄ နာရီ ၅၅ မိနစ်အချိန် က ရပ်နေသည့် ဆိုင်ကယ်ကို ခြောက်ဘီးကားမှ ဝင်တိုက်မိသဖြင့် ဆိုင်ကယ်မောင်းသူ အမျိုးသား သေဆုံးခဲ့ ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ မော်လမြိုင်မြို့၊ ကျိုက္ခမီလမ်းမကြီး၊ တက္ကသိုလ်ပတ်လမ်းထိပ်အ‌ကျော် VeVe အချိုရည်ကုမ္မဏီမှ လမ်းဖြတ်ထွက်လာသော ၁၂ ဘီးကုန်ကားအားရပ်စောင့်နေသည့် ဆိုင်ကယ် ၁ စီးအား ၆ ဘီးကုန်ကားမှ ဘရိတ်ပေါက်ပြီး နောက်မှ ဝင်တိုက်မိရာ ဆိုင်ကယ်မောင်းသူ ဆရာဝန်အမျိုးသား (၁) ဦး နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။

 

အခင်းဖြစ်ပွားရာသို့ ဘိုဘိုဝင်း Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့နှင့် ကျွဲခြံကုန်းလူမူကယ်ဆယ်ရေးအဖွဲ့ တို့မှ ရောက်ရှိ ၆ ဘီးယာဉ်‌နောက်လိုက် ၁ ဦး ထိခိုက်ဒဏ်ရာများရရှိ၍ လိုအပ်သည့်များပြုစု‌ပေးပြီး မော်လမြိုင် ဆေးရုံကြီးသို့ ကူညီပို့‌ဆောင်ပေးခဲ့ပြီး၊ သေဆုံးသူအလောင်းအား ကျွဲခြံကုန်းလူမူကယ်ဆယ်ရေးအဖွဲ့ လူနာတင် ယာဉ်ဖြင့် မော်လမြိုင်ဆေးရုံကြီး OPD သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post