• Follow Us on
Latest News

Home မော်လမြိုင်မြို့တွင် အမျိုးသမီးတစ်ဦးမှ ခင်ပွန်းဟောင်းကို ဓားဖြင့်ထိုး

မော်လမြိုင်မြို့တွင် အမျိုးသမီးတစ်ဦးမှ ခင်ပွန်းဟောင်းကို ဓားဖြင့်ထိုး

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၁၈

 

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့၊ ရွှေမြိုင်သီရိနယ်မြေ၊ ရတနာပုံလမ်းထိပ်တွင် အမျိုးသမီးတစ်ဦးမှ ခင်ပွန်းဟောင်းကို ဓားဖြင့်ထိုးခဲ့ကြောင်း သိရသည်။

 

ဇန်နဝါရီလ ၁၇ ရက် နေ့လည် ၁၂ နာရီချိန်တွင် ရတနာပုံလမ်းထိပ်၌ အမျိုးသမီးတစ်ဦးမှ ခင်ပွန်းဟောင်းဖြစ် သူနှင့် စကားများပြီး ထိုအမျိုးသမီးမှ ဓားဖြင့် ထိုအမျိုးသားကိုထိုးရာ ဘယ်ဘက်ဆီးခုံ၊ ဘယ်ဘက်လက် မောင်းနှင့် ဘယ်ဘက်လက်တို့ကို ဓားဖြင့်ထိုးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

 

ယင်းဖြစ်စဉ်နေရာသို့ ရာမညအရေးပေါ်လူမှုကယ်ဆယ်‌‌ရေးအသင်းမှ ဒဏ်ရာရရှိသည့် အမျိုးသားကို ရှေ့ဦးစွာ ပြုစု၍ မော်လမြိုင်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

ထိုဓားဖြင့်ခုတ်သည့်အမျိုးသမီးမှာ အသက် (၂၃) နှစ်ရှိပြီး၊ ဓားခုတ်ခံရသည့် အမျိုးသားမှာ ယခင်က ၎င်း၏ ခင်ပွန်းဟောင်းဖြစ်သူ အသက် (၂၇) နှစ်ရှိကြောင်း၊ ၎င်းတို့မှာ မည်သည့်ကိစ္စကြောင့် ဓားဖြင့်ထိုးသည်ကို သိရှိ ရခြင်းမရှိကြောင်း ကျူးလွန်သူအမျိုးသမီးကို လက်ရှိအချိန်တွင် ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post