• Follow Us on
Latest News

Home မော်လမြိုင်မြို့တွင် Probox ယာဉ်နှင့် သုံးဘီးဆိုင်ကယ်၊ ဆိုင်ကယ်တို့အဆင့်ဆင့်တိုက်မိရာမှ အမျိုးသမီး ၁ ဦး သေဆုံးကာ ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိ

မော်လမြိုင်မြို့တွင် Probox ယာဉ်နှင့် သုံးဘီးဆိုင်ကယ်၊ ဆိုင်ကယ်တို့အဆင့်ဆင့်တိုက်မိရာမှ အမျိုးသမီး ၁ ဦး သေဆုံးကာ ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိ

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၂၂

 

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ မော်လမြိုင်-ကျိုက်က္ခမီလမ်းမကြီးဂွေးကုန်းရပ်တွင် ယမန်နေ့ ည ၉ နာရီဝန်းကျင် အချိန်က Probox ယာဉ်နှင့် သုံးဘီးဆိုင်ကယ် ၁ စီး၊ ဆိုင်ကယ် ၁ စီး ၃ စီးတို့ အဆင့်ဆင့် တိုက်မိရာမှ အမျိုး သမီး ၁ ဦး သေဆုံးကာ ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဘိုဘိုဝင်း Rescue အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ ကျိုက်က္ခမီလမ်းမကြီး ဂွေးကုန်းရပ် မစရ၅ အနီးတွင် မော်လမြိုင်ဘက်မောင်းနှင်လာသော Probox ယာဉ် ၁ စီးမှ အလားတူ မောင်းနှင်လာသော ဘုရားပွဲသွားမည့် သုံးဘီးဆိုင်ကယ် ၁ စီးနှင့် ဆိုင်ကယ် ၁ စီး ၃ စီး ဆင့်တိုက်မိရာ ကလေး ၆ ဦး၊ လူကြီး ၆ ဦး၊ စုစုပေါင်း ၁၂ ဦး ထိခိုက်ဒဏ်ရာများရရှိသဖြင့် ဒဏ်ရာရရှိသူများ အား လူမူကယ်ဆယ်ရေးအဖွဲ့များမှ မော်လမြိုင်ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ ပို့ဆောင်ခဲ့သော်လည်း ဆေးရုံကြီး OPD အရောက် အမျိုးသမီး (၁) ဦး သေဆုံးသွားသဖြင့် ရွှေနတ် တောင်လူမူကယ်ဆယ်ရေးအဖွဲ့မှ ဆေးရုံကြီးရင်ခွဲရုံသို့ ထပ်မံပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post