• Follow Us on
Latest News

Home မော်လမြိုင်မြို့နယ်တွင် အုတ်တံတိုင်းပြိုကျပြီး လူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိ

မော်လမြိုင်မြို့နယ်တွင် အုတ်တံတိုင်းပြိုကျပြီး လူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိ

Share this post

နေပြည်တော်၊ ဇူလိုင် ၂၀

 

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ မော်လမြိုင်-ဘားအံကားလမ်းဘေး၊ ညောင်ပင်ဆိပ်ရပ်ကွက်၊ အတ္ထရံတံတား ထိပ်တွင် ယမန်နေ့ နံနက် ၇ နာရီကျော်အချိန်က အဆောက်အဦအုတ်တံတိုင်းပြိုကျမှုဖြစ်ပွားပြီး လူ ၂ ဦး ထိ ခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ မော်လမြိုင်-ဘားအံကားလမ်းဘေး၊ ညောင်ပင်ဆိပ်ရပ်ကွက်၊ အတ္ထရံတံတား ထိပ်တွင် အဆောက်အဦအုတ်တံတိုင်းပြိုကျမှုဖြစ်ပွားပြီး လူ(၂)ဦးပိမိနေကြောင်း သတင်းရရှိသဖြင့် မော်လမြိုင် ခရိုင်မီးသတ်စခန်းနှင့် ညောင်ပင်ဆိပ်နယ်မြေမီးသတ်စခန်းများမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ လူမှု ကယ်ဆယ်ရေးအဖွဲ့များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ပိမိနေသောလူနာ(၂)ဦး(မစိုးရိမ်ရ)အား ကယ်ထုတ်နိုင်ခဲ့ပြီး မွန်မြတ်သောနှလုံးသားပိုင်ရှင်လူမှု ကယ်ဆယ်ရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် မော်လမြိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post