• Follow Us on
Latest News

Home မော်လမြိုင်မြို့ရှိ အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်း Level-4 အဆင့် မီးလောင်မှုဖြစ်ပွား

မော်လမြိုင်မြို့ရှိ အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်း Level-4 အဆင့် မီးလောင်မှုဖြစ်ပွား

Share this post

နေပြည်တော်၊ သြဂုတ် ၄

 

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်ကွက်ရှိ အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း Level-4 အဆင့် မီးလောင်မှု ယမန်နေ့ ည ၁၁ နာရီ ၄၀ မိနစ်အချိန်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ကျောင်းမီးလောင်မှုကြီးအား မီးသတ်ယာဉ် ၄ စီး၊ မီးသတ်ရေသယ်ယာဉ် ၁၀ စီး၊ လူမူကယ်ဆယ်ရေးရေ သယ်ယာဉ် ၆ စီး၊ စည်ပင်ရေသယ်ယာဉ် ၄ စီး၊ အပြင်ရေသယ်ယာဉ် ၆ စီး စုစုပေါင်းယာဉ်အစီး ၃၀ ရေဂါလံ ၆၀၀၀၀ ကျော်ဖြင့် ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

 

အဆိုပါကျောင်းသည် နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိပြီး၊ သိပ္ပံမောင်ဝ တက်ရောက်ခဲ့သည့်ကျောင်းဖြစ် ကြောင်း သိရသည်။

 

#PeopleMedia


Share this post