• Follow Us on
Latest News

Home မော်လမြိုင်မြို့ရှိ အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်းမီးလောင်မှုဖြစ်စဉ်မှ သံသယဖြစ်ဖွယ်အမျိုး သမီးတစ်ဦးအား ဖမ်းဆီးစစ်ဆေး

မော်လမြိုင်မြို့ရှိ အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်းမီးလောင်မှုဖြစ်စဉ်မှ သံသယဖြစ်ဖွယ်အမျိုး သမီးတစ်ဦးအား ဖမ်းဆီးစစ်ဆေး

Share this post

နေပြည်တော်၊ အောက်တိုဘာ ၂၇

 

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်ကွက်၊ အမှတ်(၉) ကျောင်းလမ်းရှိ အမှတ် (၉) အခြေခံပညာ အထက်တန်းကျောင်း မီးလောင်မှုဖြစ်စဉ်မှ သံသယဖြစ်ဖွယ်အမျိုးသမီးတစ်ဦးအား ဖမ်းဆီးစစ်ဆေးလျက်ရှိ ကြောင်း သိရသည်။

 

အောက်တိုဘာလ ၂၅ ရက်၊ နံနက် ၃ နာရီ ၄၀ မိနစ်တွင် မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်ကွက်၊ အမှတ်(၉) ကျောင်းလမ်းရှိ အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ မြို့နယ်မီးသတ်ဦးစီး ဌာနမှ ဦးစီးမှူးဦးစီးသော မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများမှ မီးသတ်ယာဉ် ၈ စီး၊ ရေသယ်ယာဉ် ၃ စီး၊ အုပ်ချုပ်မှုယာဉ် ၁ စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၇ နာရီ ၃၀ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း၊ မီးလောင်မှုကြောင့် အလျား ၉၅ ပေ၊ အနံ ၃၀ ပေရှိ သွပ်မိုး၊ အုတ်ခံ၊ ပျဉ်ထောင် ၂ ထပ်ကျောင်းဆောင်အဆောက်အဦ ၁ လုံးနှင့် အလျား ၄၀ ပေ၊ အနံ ၃၀ ပေရှိ RC ၂ ထပ် သင်ထောက်ကူ အဆောက်အဦ ၁ လုံးတို့ မီးလောင်ပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ငွေကျပ်ကိုးဆယ့်သုံးသိန်းခုနှစ်သောင်းငါးထောင် ကျပ်ခန့်ဖြစ်ကြောင်း သိရသည်။

 

ဖြစ်စဉ်နှင့်ပတ်သက်၍ သံသယဖြစ်ဖွယ်အမျိုးသမီးတစ်ဦးအား ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးလျက်ရှိ ကြောင်း၊ မီးလောင်မှုဖြစ်စဉ်ကြောင့် ပျက်စီးသွားသော အဆောက်အဦများအား ပြန်လည်ပြုပြင်တည် ဆောက်သွားမည်ဖြစ်ကြောင်းနှင့် ကျောင်းသူ၊ကျောင်းသားများအား ကျောင်းပြန်လည်ဖွင့်ချိန်တွင် နှစ်သုတ် တက်စနစ်ဖြင့် အရှိန်မပျက်ပညာသင်ကြားနိုင်ရေး စီစဉ်ထားကြောင်း သိရသည်။

 

#PeopleMedia


Share this post