• Follow Us on

Home မော်လမြိုင်မြို့ရှိ SONY လျှပ်စစ်ပစ္စည်းဆိုင် မီးလောင်မှုဖြစ်ပွား

မော်လမြိုင်မြို့ရှိ SONY လျှပ်စစ်ပစ္စည်းဆိုင် မီးလောင်မှုဖြစ်ပွား

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၁၇

 

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရဲဘော်ကုန်းရပ်ကွက်၊ အောက်လမ်းမကြီး SONY လျှပ်စစ်ပစ္စည်းဆိုင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ယနေ့ဇန်နဝါရီလ ၁၇ ရက် နေ့လည် ၁ နာရီခန့်တွင် အဆိုပါနေရာတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိ သောကြောင့် မော်လမြိုင်ခရိုင်၊ မြို့နယ် နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်များဖြင့် မီးငြှိမ်းသတ်ရာ ၂ နာရီ ၁၁ အချိန်တွင် မီးငြိမ်းသတ်သွားကြောင်း မြန်မာနိုင်ငံမီးသတ်ဌာနမှ ထုတ်ပြန်ထားသည်။

 

“တစ်ဆိုင်လုံးလောင်သွားတယ်” လို့ မြေပြင်အားသွားရောက်ကူညီသည့် လူမှုကူရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးမှ ပြောသည်။

 

အဆိုပါမီးလောင်မှုနှင့် ပတ်သက်ပြီး လက်ရှိအချိန်တွင် စစ်ဆေးနေကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post