မော်လမြိုင်မြို့၌ YMBA မှ ဆက်ကပ်လှူဒါန်းသောဘွဲ့တံဆိပ်တော်များ၊ ဂုဏ်ရည်ဘွဲ့များဆက်ကပ်ချီးမြှင့်
PUBLISHED - January 15, 2024
နေပြည်တော်၊ ဇန်နဝါရီ ၁၅
ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA(ဗဟို) မှ ဆက်ကပ်လှူဒါန်းသော ဘွဲ့တံဆိပ်တော်များ၊ ဂုဏ်ရည်ဘွဲ့ များ ဆက်ကပ်ချီးမြှင့်ခြင်း မင်္ဂလာအခမ်းအနားကို ယမန်နေ့တွင် မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက် ပရိယတ္တိဓမ္မာ ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA(ဗဟို) ဥက္ကဋ္ဌ ဦးရဲထွန်းနှင့် အသင်းဝင်များ၊ ဘွဲ့တံဆိပ်ချီးမြှင့်ခြင်းခံရသည့် လူပုဂ္ဂိုလ်များ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မြစေတီစာသင် တိုက်ကြီး၏ ဦးစီးပဓာန နာယက ဆရာတော်အား ဗုဒ္ဓ ဘာသာ ကလျာဏယုဝအသင်း YMBA(ဗဟို)မှ လှူဒါန်းပူဇော်သော အဘိဓဇအဂ္ဂမဟာ မင်္ဂလဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်နှင့် လူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပူဇော်သည်။ ယင်းနောက် ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်း YMBA (ဗဟို) ဥက္ကဌ ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ ဝင်ဝန်ကြီးများက ဗုဒ္ဓဘာသာကလျာဏယုဝ အသင်း YMBA (ဗဟို)မှ ဆက်ကပ်လှူဒါန်းပူဇော်သော အဂ္ဂမဟာ မင်္ဂလဓမ္မဇောတိကဓဇ၊ မဟာမင်္ဂလ ဓမ္မဇောတိကဓဇနှင့် မင်္ဂလဓမ္မ ဇောတိကဓဇ ဘွဲ့တံဆိပ်တော်နှင့် လှူ ဖွယ်ဝတ္ထုပစည်းများအား ဆရာတော်ကြီး(၁၅)ပါးအား ဆက်ကပ်လှူဒါန်းပူဇော်ခဲ့သည်။
ဆက်လက်၍ တာဝန်ရှိသူများက မင်္ဂလဓမ္မဇောတိကဓဇ၊ မင်္ဂလဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်တော် ရရှိသည့် လူပုဂ္ဂိုလ်(၁၀)ဦးနှင့် အမျိုးဘာသာ သာသနာ ပညာအကျိုးအတွက် စစ်မှန်သော စေတနာဖြင့် ကိုယ်ကျိုးမဖတ် အနစ်နာခံ၍ မိမိအသက်ကို ပဓာနမထားဘဲ တာဝန် ထမ်းဆောင်ခဲ့သည် လူပုဂ္ဂိုလ် (၁၁) ဦးအား YMBA ဂုဏ်ရည်ဘွဲ့တံဆိပ်များ ချီးမြှင့်အပ်နှင်းခဲ့ကြသည်။
#PeopleMedia