• Follow Us on
Latest News

Home မော်လမြိုင်မြို့ ကျိုက်က္ခမီလမ်းမတွင် ဆိုင်ကယ် ၂ စီးနှင့် ကားတိုက်မိပြီး လူ ၁ ဦးသေဆုံး ၂ ဦး ဒဏ်ရာရ

မော်လမြိုင်မြို့ ကျိုက်က္ခမီလမ်းမတွင် ဆိုင်ကယ် ၂ စီးနှင့် ကားတိုက်မိပြီး လူ ၁ ဦးသေဆုံး ၂ ဦး ဒဏ်ရာရ

Share this post

နေပြည်တော်၊ ဇွန် ၁၇

 

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကျိုက်က္ခမီလမ်းမ အင်းဝဘဏ်ရှေ့တွင် ယမန်နေ့ ညနေ ၅ နာရီ ၄၀ အချိန်က ဆိုင်ကယ် ၂ စီးနှင့် ကားတိုက်မိရာ လူ ၁ ဦး သေဆုံးပြီး ၂ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဘိုဘိုဝင်း Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။

 

မော်လမြိုင်မြို့ ကျိုက်က္ခမီလမ်းမကြီး အင်းဝဘဏ်ရှေ့ ဆိုင်ကယ်၂စီးနှင့် ကားတိုက်မိရာ ဆိုင်ကယ်မောင်းသူ ၁ ဦး နေရာတွင်ပွဲချင်းပြီး သေဆုံးခဲ့ပြီး၊ အမျိုးသား၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့၍ ဘိုဘိုဝင်း Rescue အရေးပေါ်ကယ် ဆယ်ရေးအဖွဲ့နှင့် မေဓါရာမလူမူကယ်ဆယ်ရေးအဖွဲ့၊ ရွှေနတ်တောင်လူမူကယ်ဆယ်ရေးအဖွဲ့၊ မော်လမြိုင်လူမူ ကယ်ဆယ်ရေးအဖွဲ့၊ ရာမညအရေးပေါ်လူမူကယ်ဆယ်ရေးအဖွဲ့တို့ရောက်ရှိပြီး လူနာ ၂ ဦးအား လိုအပ်သည့် များပြုစု‌ပေးခဲ့ကြောင်း သိရသည်။

 

ဒဏ်ရာရရှိသူများကို မေဓါရာမလူမူကယ်ဆယ်ရေးအဖွဲ့ လူနာတင်ယာဉ် ၁ စီးဖြင့် ပို့ဆောင်ပေးပြီး သေဆုံး ရုပ်အလောင်းအားဘိုဘိုဝင်းအဖွဲ့လူနာတင်ယာဉ်ဖြင့် မော်လမြိုင်ဆေးရုံကြီး ရင်ခွဲရုံသို့ကူညီပို့‌ဆောင်ပေး ခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post