မော်လမြိုင်-မုဒုံလမ်းမကြီးတွင် သစ်ပိုင်းတင်ဆောင်လာသည့်ယာဉ် အရှိန်လွန်၍ တိမ်းမှောက်ရာမှ ဆိုင်ကယ်စီးနင်းသူ အမျိုးသားနှစ်ဦးပေါ်သို့ သစ်ပိုင်းများပြုတ်ကျ

PUBLISHED - January 14, 2025
နေပြည်တော်၊ ဇန်နဝါရီ ၁၄
မော်လမြိုင်- မုဒုံလမ်းမကြီးတွင် သစ်ပိုင်းတင်ဆောင်လာသည့်ယာဉ်အရှိန်လွန်၍ တိမ်းမှောက်ရာမှ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသား(၂) ဦးပေါ်သို့ သစ်ပိုင်းများပြုတ်ကျသောကြောင့် ထိုအမျိုးသားများ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဇန်နဝါရီလ ၁၃ ရက် ညနေ ၅ နာရီ ၃၀ အချိန်တွင် သစ်ပိုင်းများတင်ဆောင်လာသည့်တွဲကား တိမ်းမှောက်ရာမှ ဆိုင်ကယ်စီးနင်းသူ အမျိုးသား (၂) ဦးပေါ်သို့ သစ်ပိုင်းများပြုတ်ကျကြောင်း သတင်းရရှိသောကြောင့် ဖြစ်စဉ်နေရာသို့ နယ်မြေခံလူမှုကူညီရေးအသင်းမှ သွားရောက်ခဲ့ကြောင်း သိရသည်။
“ပတ်ဝန်းကျင်ကပြောတာကတော့ ကားကရှောင်ရင်းသွားတာ။ အဲ့မှာလားရာတူ ဆိုင်ကယ်ပေါ်ကို သစ်ပိုင်း တွေက ပြုတ်ကျသွားလို့ တစ်ယောက်က ဘယ်ဘက်ဒူးနားမှာ ပြက်ရှဒဏ်ရာနဲ့ ပွန်းပဲ့ဒဏ်ရာရတယ်။ နောက်တစ်ယောက်ကတော့ ခါးနာသွားတယ်။ ဘယ်ဘက်ခြေထောက်လည်း မလှုပ်ဘူး” လို့ မြေပြင်အား သွားရောက်ကူညီသည့် ဒေသခံလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးမှ ပြောသည်။
ဒဏ်ရာရရှိသူ အမျိုးသားနှစ်ဦးကို မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။
Photo – Credit
#PeopleMedia